2 ဓမ္မရာဇဝင်ပထမစောင် 22:14
အဟိမလက်က``ဒါဝိဒ်သည်အရှင်၏အပေါ် တွင် သစ္စာအရှိဆုံးအရာရှိတစ်ဦးဖြစ်ပါ၏။ သူသည်အရှင့်သမက်တော်ဖြစ်သည့်အပြင် အရှင့်ကိုယ်ရံတော်တပ်မှူးလည်းဖြစ်သဖြင့် နန်းတွင်းသူနန်းတွင်းသားအပေါင်းတို့၏ ကြည်ညိုလေးစားမှုကိုခံရသူဖြစ်ပါ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 22
Cross References
1 Samuel 18:13သို့ဖြစ်၍ရှောလုသည်ဒါဝိဒ်အားလူတစ် ထောင်တပ်မှူးအဖြစ်ဖြင့်ခန့်ထား၍ အပါး တော်မှအဝေးသို့စေလွှတ်တော်မူ၏။ ဒါဝိဒ် သည်မိမိ၏တပ်သားတို့နှင့်အတူတိုက်ပွဲ ဝင်ရာ၊-
1 Samuel 19:4ယောနသန်သည်ခမည်းတော်ရှောလုထံ ဒါဝိဒ် ၏ဂုဏ်ကိုချီးကူးပြောဆို၏။ ထိုနောက်``အရှင်၊ အရှင့်အစေခံဒါဝိဒ်ကိုပြစ်မှားတော်မမူ ပါနှင့်။ သူသည်အရှင်ကိုအဘယ်အခါက မျှမပြစ်မှားခဲ့ပါ။ သူပြုလေသမျှအမှု များအားဖြင့် အရှင့်အတွက်အထောက်အကူ များစွာဖြစ်စေခဲ့ပါ၏။-
1 Samuel 20:32ယောနသန်က``အဘယ်ကြောင့်သေဒဏ်ခံ ရပါမည်နည်း။ သူသည်အဘယ်အမှုကို ပြုမိပါသနည်း'' ဟုလျှောက်လျှင်၊
1 Samuel 22:13ရှောလုက``သင်နှင့်ဒါဝိဒ်သည်အဘယ်ကြောင့် ငါ့အားလုပ်ကြံရန်လျှို့ဝှက်ကြံစည်ကြသနည်း။ သင်သည်အဘယ်ကြောင့်သူ့အားရိက္ခာနှင့်ဋ္ဌား ကိုပေးပါသနည်း။ အဘယ်ကြောင့်သူ၏အတွက် ထာဝရဘုရားထံသို့လျှောက်ထားပေးပါ သနည်း။ ယခုသူသည်ငါ့ကိုတော်လှန်လျက် နေလေပြီ။ ငါ့အားသတ်ရန်အခွင့်ကောင်း ကိုစောင့်ဆိုင်းလျက်နေပါသည်တကား'' ဟု မိန့်တော်မူ၏။
1 Samuel 26:23ထာဝရဘုရားသည်သစ္စာစောင့်သူ၊ ဖြောင့်မှန် သူတို့ကိုဆုတော်လာဘ်တော်များပေးသနား တော်မူပါ၏။ ယနေ့ကိုယ်တော်သည်အရှင့်အား အကျွန်ုပ်လက်သို့ပေးအပ်တော်မူခဲ့သော်လည်း အကျွန်ုပ်သည်ထာဝရဘုရားဘိသိက်ပေး တော်မူသောဘုရင်အားဘေးအန္တရာယ်မပြု ခဲ့ပါ။-
Proverbs 24:11သင်္ချိုင်းသို့ထုတ်၍ အသေခံလုသောသူတို့ကို သင်သည် နှုတ်အံ့သောငှါ၊ အားမထုတ်ဘဲနေလျက်၊