2 ဓမ္မရာဇဝင်ပထမစောင် 22:15
သူ၏အတွက်ထာဝရဘုရားထံတော်သို့ အကျွန်ုပ်လျှောက်ထားပေးသည်မှာမှန်ပါ၏။ သို့ရာတွင်ယခင်ကလည်းဤသို့လျှောက်ထား ပေးခဲ့ဖူးပါသည်။ အရှင်အားလုပ်ကြံရန် လျှို့ဝှက်ကြံစည်မှုနှင့်ပတ်သက်၍မူကား အရှင်မင်းကြီးသည်အကျွန်ုပ်ကိုသော်လည်း ကောင်း၊ အကျွန်ုပ်၏အိမ်ထောင်စုသားတစ်ဦး တစ်ယောက်ကိုသော်လည်းစွပ်စွဲတော်မမူ ပါနှင့်။ ဤကိစ္စကိုအကျွန်ုပ်အလျှင်းမသိပါ'' ဟုပြန်၍လျှောက်ထား၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 22
Cross References
Genesis 20:5အာဗြဟံကိုယ်တိုင်ကသူ၏နှမဖြစ်သည်ဟု ဆိုပါ၏။ သူကလည်းအာဗြဟံသည်သူ၏အစ်ကို ဖြစ်သည်ဟုဆိုပါသည်။ အကျွန်ုပ်သည်စိတ်သဘော ရိုးသားစွာဖြင့် ဤအမှုကိုကြံစည်မိပါသည်။ သို့ရာတွင်အပြစ်ကူးလွန်ခြင်းမရှိပါ'' ဟု လျှောက်ဆို၏။
2 Samuel 15:11အဗရှလုံ၏ခေါ်ဖိတ်ချက်အရသူနှင့် အတူ ယေရုရှလင်မြို့မှလိုက်လာသူ အပေါင်းမှာနှစ်ရာရှိ၏။ သူတို့သည်အဗ ရှလုံ၏လျှို့ဝှက်ကြံစည်ချက်ကိုလုံးဝ မသိကြ။ စိတ်ရိုးသဘောရိုးဖြင့်လိုက် ပါလာသူများဖြစ်သတည်း။-
1 Peter 3:16သို့ရာတွင်သိမ်မွေ့ရိုသေစွာဖြေကြားကြလော့။ သင်တို့အားမတရားဝေဖန်၍စော်ကားပြောဆို သူတို့သည် ခရစ်တော်၏တပည့်များအနေဖြင့် သင်တို့ပြုမူပုံကောင်းမွန်သင့်မြတ်သည်ကိုမြင် ၍အရှက်ရကြစေရန် သင်တို့၏သြတ္တပ္ပစိတ် ကိုကြည်လင်စေကြလော့။-