2 ဓမ္မရာဇဝင်ပထမစောင် 22:17
မိမိအနီးတွင်ရပ်လျက်နေသောအစောင့် တပ်သားများအား``ထာဝရဘုရား၏ယဇ် ပုရောဟိတ်တို့သည်ဒါဝိဒ်နှင့်အတူကြံရာ ပါများဖြစ်သဖြင့် ဒါဝိဒ်ထွက်ပြေးကြောင်း ကိုသိသော်လည်း ငါ့အားမပြောသောကြောင့် သတ်ကြလော့'' ဟုအမိန့်ပေးတော်မူ၏။ သို့ ရာတွင်အစောင့်တပ်သားတစ်စုံတစ်ယောက် ကမျှ ထာဝရဘုရား၏ယဇ်ပုရောဟိတ် တို့ကိုသတ်ရန်လက်ကိုမျှမဆန့်ဝံ့ကြ ချေ။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 22
Cross References
1 Samuel 8:11သူက``သင်တို့ကိုအုပ်စိုးသောဘုရင်သည် သင်တို့သားများကိုစစ်မှုထမ်းစေလိမ့်မည်။ အချို့သောသူတို့ကိုရထားတပ်၌လည်း ကောင်း၊ အချို့ကိုမြင်းတပ်၌လည်းကောင်း၊ အချို့ကိုအထူးထိုးစစ်ဆင်ရာတပ်များ ၌လည်းကောင်းအမှုထမ်းစေလိမ့်မည်။-
1 Samuel 20:33ရှောလုသည်ယောနသန်အားထိမှန်စေရန် လှံတံတော်နှင့်ပစ်လိုက်လေသည်။ ထိုအခါ ယောနသန်သည် မင်းကြီးအကယ်ပင်ဒါဝိဒ် အားသတ်ရန်စိတ်ပိုင်းဖြတ်ထားတော်မူ ကြောင်းကိုသိလေ၏။-
1 Samuel 25:17ဤအမှုကိုဆင်ခြင်စဉ်းစား၍အဘယ်သို့ ပြုသင့်သည်ကိုဆုံးဖြတ်ပါလော့။ ဤကိစ္စ သည်ကျွန်တော်တို့၏သခင်နှင့်အိမ်ထောင်စု တစ်ခုလုံးကိုဘေးဥပဒ်ပေးနိုင်ပါသည်။ ကျွန်တော်တို့၏သခင်သည်စိတ်သဘော ထားသေးသိမ်သူဖြစ်၍ အဘယ်သူ၏ စကားကိုမျှနားထောင်လိမ့်မည်မဟုတ် ပါ'' ဟုဆို၏။
1 Kings 1:5ဟ္ဂိတ်နှင့်ဒါဝိဒ်ရသောသားအဒေါနိယသည် အလွန်အဆင်းလှ၏။ အဗရှလုံသေဆုံးသဖြင့် သူသည်ဒါဝိဒ်၏လက်ရှိသားတို့တွင်အကြီး ဆုံးဖြစ်၏။ ဒါဝိဒ်သည်သူ့အားအဘယ်အမှု တွင်မျှပြောဆိုဆုံးမဖူးသည်ဟူ၍မရှိ။ သူ သည်ထီးနန်းကိုမျှော်မှန်းသူဖြစ်၍ မိမိကိုယ် ပိုင်ရထားများ၊ မြင်းများနှင့်ရှေ့တော်ပြေး လူငါးဆယ်ကိုရရှိလေသည်။-
2 Kings 1:13မင်းကြီးသည်တပ်မှူးတစ်ယောက်နှင့်လူငါး ဆယ်တပ်ကိုနောက်တစ်ကြိမ်စေလွှတ်ပြန်၏။ ထိုတပ်မှူးသည်တောင်ကုန်းပေါ်သို့တက်၍ ဧလိယရှေ့တွင်ဒူးထောက်လျက်``ဘုရားသခင်၏အစေခံ၊ အကျွန်ုပ်နှင့်အကျွန်ုပ်၏ တပ်သားတို့ကိုသနားတော်မူပါ။ အကျွန်ုပ် တို့၏အသက်ကိုချမ်းသာပေးတော်မူပါ။-
Acts 4:19သို့ရာတွင်ပေတရုနှင့်ယောဟန်တို့က``ငါ တို့သည်ဘုရားသခင်၏စကားကိုနား ထောင်ရမည်လော။ သို့မဟုတ်သင်တို့၏စကား ကိုနားထောင်ရမည်လော။ ဘုရားသခင်၏ ရှေ့တော်တွင်အဘယ်သူ၏စကားကိုနား ထောင်သင့်ကြောင်း သင်တို့ကိုယ်တိုင်ပင်အဆုံး အဖြတ်ပေးကြလော့။-