2 ဓမ္မရာဇဝင်ပထမစောင် 8:11
သူက``သင်တို့ကိုအုပ်စိုးသောဘုရင်သည် သင်တို့သားများကိုစစ်မှုထမ်းစေလိမ့်မည်။ အချို့သောသူတို့ကိုရထားတပ်၌လည်း ကောင်း၊ အချို့ကိုမြင်းတပ်၌လည်းကောင်း၊ အချို့ကိုအထူးထိုးစစ်ဆင်ရာတပ်များ ၌လည်းကောင်းအမှုထမ်းစေလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 8
Cross References
Deuteronomy 17:14``သင်တို့သည်ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်ကိုသိမ်းပိုက်နေ ထိုင်ကြသောအခါ ပတ်ဝန်းကျင်နိုင်ငံများ နည်းတူဘုရင်တစ်ပါးကိုနန်းတင်လို ကြပေလိမ့်မည်။-
1 Samuel 14:52ရှောလုသည်အသက်ရှင်သမျှကာလပတ်လုံး ဖိလိတ္တိအမျိုးသားတို့နှင့်အပြင်းအထန်တိုက် ပွဲဝင်ခဲ့ရ၏။ ထို့ကြောင့်သူသည်ခွန်အားကြီး သူသို့မဟုတ်ရဲစွမ်းသတ္တိရှိသူကိုတွေ့ရှိရ သည့်အခါတိုင်း မိမိ၏တပ်မတော်တွင်ဝင် ရောက်အမှုထမ်းစေတော်မူ၏။
2 Samuel 15:1ထိုနောက်အဗရှလုံသည်မြင်းရထားတစ်စီး၊ မြင်းများနှင့်ရှေ့တော်ပြေးစစ်သည်ငါးဆယ် ကိုမိမိအတွက်ထားရှိလေသည်။-
1 Kings 9:22ရှောလမုန်သည်ယုဒအမျိုးသားတို့ကိုမူ ကျွန်ခံစေတော်မမူ။ သူတို့သည်စစ်သူရဲ များ၊ မှူးမတ်များ၊ စစ်ရထားမှူးများနှင့် မြင်းစီးသူရဲများအဖြစ်ဖြင့်အမှုထမ်း ရကြလေသည်။
1 Kings 12:4``အရှင့်ခမည်းတော်ရှောလမုန်သည်ကျွန်ုပ်တို့ အပေါ်လေးလံသောထမ်းပိုးကိုတင်တော်မူခဲ့ ပါ၏။ အရှင်သည်ထိုလေးလံသောထမ်းပိုးနှင့် ပင်ပန်းသောဝန်ကိုပေါ့ပါးစေလျက် အကျွန်ုပ်တို့ အားနေသာထိုင်သာရှိအောင်ပြုတော်မူမည်ဆို ပါက အကျွန်ုပ်တို့သည်သစ္စာရှိစွာအရှင့်၏ အမှုတော်ကိုထမ်းဆောင်ပါမည်'' ဟုလျှောက် ထားကြ၏။
1 Kings 18:46ထာဝရဘုရား၏တန်ခိုးတော်သည်ဧလိယ အပေါ်သို့သက်ရောက်သဖြင့် သူသည်မိမိ၏ ဝတ်လုံကိုခါးတွင်စည်း၍ယေဇရေလမြို့ သို့ရောက်သည့်တိုင်အောင်အာဟပ်၏ရှေ့က ပြေးလေ၏။