2 ဓမ္မရာဇဝင်ပထမစောင် 24:18
ယနေ့ငါ့အားသင်ပြုသောကျေးဇူးသည် ကြီးလှပါပေသည်။ ထာဝရဘုရားက ငါ့အားသင့်လက်သို့ပေးအပ်တော်မူသော် လည်းသင်သည်ငါ့ကိုမသတ်ခဲ့ပါ။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 24
Cross References
1 Samuel 23:7ကိလမြို့သို့ဒါဝိဒ်ရောက်ကြောင်းကိုရှောလု ကြားလျှင်``ထာဝရဘုရားသည်ဒါဝိဒ်အား ငါ၏လက်သို့အပ်တော်မူပြီ။ ဒါဝိဒ်သည်မြို့ ရိုးနှင့်မြို့တံခါးအခိုင်အမာရှိသည့်မြို့ထဲ သို့ရောက်ခြင်းအားဖြင့် ထောင်ချောက်တွင်း သို့သက်ဆင်းလေပြီ'' ဟုဆို၏။-
1 Samuel 24:10ယခုပင်လျှင်ထာဝရဘုရားသည်အရှင့် အား အကျွန်ုပ်၏လက်သို့အပ်တော်မူခဲ့ကြောင်း အရှင်ကိုယ်တိုင်သိမြင်နိုင်ပါ၏။ အကျွန်ုပ်၏ လူအချို့တို့ကအရှင့်အားအသတ်ခိုင်း ကြပါ၏။ သို့ရာတွင်အကျွန်ုပ်သည်အရှင် ၏အတွက်စိတ်မကောင်းဖြစ်သဖြင့် အရှင့် ကိုစိုးစဉ်းမျှဘေးအန္တရာယ်မပြုလိုပါ။ အဘယ်ကြောင့်ဆိုသော် အရှင်သည်ထာဝရ ဘုရားဘိသိက်ပေးတော်မူသောဘုရင် ဖြစ်သောကြောင့်ဖြစ်ပါ၏။-
1 Samuel 26:23ထာဝရဘုရားသည်သစ္စာစောင့်သူ၊ ဖြောင့်မှန် သူတို့ကိုဆုတော်လာဘ်တော်များပေးသနား တော်မူပါ၏။ ယနေ့ကိုယ်တော်သည်အရှင့်အား အကျွန်ုပ်လက်သို့ပေးအပ်တော်မူခဲ့သော်လည်း အကျွန်ုပ်သည်ထာဝရဘုရားဘိသိက်ပေး တော်မူသောဘုရင်အားဘေးအန္တရာယ်မပြု ခဲ့ပါ။-
Psalms 31:8ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားရန်သူ များ၏ လက်တွင်းသို့ကျရောက်စေတော်မမူဘဲ လွတ်လပ်စွာသွားလာနိုင်ခွင့်ကိုပေးတော်မူ ပါပြီ။