2 ဓမ္မရာဇဝင်ပထမစောင် 25:13
ထိုအခါဒါဝိဒ်သည်သူတို့အား``ဋ္ဌားကိုခါး တွင်ပတ်စည်းကြလော့'' ဟုအမိန့်ပေးသည့် အတိုင်းသူတို့သည်ပတ်စည်းကြ၏။ ဒါဝိဒ် သည်လည်းမိမိ၏ဋ္ဌားကိုခါးတွင်ပတ်စည်း ကာ လူလေးရာခန့်နှင့်အတူထွက်ခွာသွား လေသည်။ လူနှစ်ရာကိုမူစခန်းစောင့်ရန် ထားခဲ့၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 25
Cross References
Joshua 9:14ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားအားမေးမြန်းလျှောက်ထားခြင်းမပြု ဘဲ ထိုသူတို့ထံမှရိက္ခာကိုလက်ခံကြသည်။-
1 Samuel 23:13ထို့ကြောင့်ဒါဝိဒ်နှင့်ခြောက်ရာခန့်ရှိသောအပေါင်း ပါတို့သည် ချက်ချင်းပင်ကိလမြို့မှထွက်၍သင့် ရာသို့ဆုတ်ခွာသွားကြ၏။ ကိလမြို့မှဒါဝိဒ် ထွက်ပြေးသွားကြောင်းရှောလုကြားသိသော အခါ မိမိ၏အကြံအစည်ကိုဖျက်သိမ်းလိုက် လေသည်။
1 Samuel 27:2ထို့ကြောင့်မိမိ၏တပ်သားခြောက်ရာနှင့် အတူမောခ၏သား၊ ဂါသဘုရင်အာခိတ် ထံသို့ချက်ချင်းထွက်ခွာသွားလေသည်။-
1 Samuel 30:21ထိုနောက်မောပန်းလွန်းသဖြင့် မိမိနှင့်မလိုက်နိုင် ဘဲဗေသော်ချောင်းအနီးတွင် နေရစ်သူလူနှစ်ရာ ရှိရာသို့ဒါဝိဒ်ပြန်လည်ရောက်ရှိလာ၏။ ထိုသူ တို့သည်ခရီးဦးကြိုပြုရန်ထွက်လာ၍ ဒါဝိဒ် တို့လူစုအားနှုတ်ဆက်ကြ၏။-
Proverbs 16:32စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူ ထက်၎င်း၊ မိမိစိတ်ကိုချုပ်တည်းသောသူသည် မြို့ကို တိုက်ယူသောသူထက်၎င်းသာ၍ ကောင်း၏။
Proverbs 19:11သမ္မာသတိရှိသော သူသည် မိမိအမျက်ဒေါသ ကို ချုပ်တည်းတတ်၏။ သူတပါးပြစ်မှားခြင်းကို သည်းခံ သောသူသည်လည်း ဘုန်းအသရေရှိ၏။