2 ဓမ္မရာဇဝင်ပထမစောင် 30:1
နှစ်ရက်မျှကြာသောအခါဒါဝိဒ်တို့လူစု သည် ဇိကလတ်မြို့သို့ပြန်လည်ရောက်ရှိလာ ကြ၏။ အာမလက်အမျိုးသားတို့သည်ယုဒ ပြည်တောင်ပိုင်းသို့ ချင်းနင်းဝင်ရောက်ကာဇိ ကလတ်မြို့ကိုတိုက်ခိုက်မီးရှို့၍၊-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 30
Cross References
Joshua 11:6ထာဝရဘုရားကယောရှုအား``သူတို့ ကိုမကြောက်နှင့်။ နက်ဖြန်နေ့ဤအချိန် သို့ရောက်လျှင်ငါသည်သူတို့အားလုံးကို ဣသရေလအမျိုးသားတို့လက်သို့ အသေအပ်မည်။ သင်သည်သူတို့၏မြင်း များခြေကြောကိုဖြတ်၍စစ်ရထား များကိုမီးရှို့ရမည်'' ဟုမိန့်တော်မူ၏။-
1 Samuel 27:6သို့ဖြစ်၍အာခိတ်သည်ဒါဝိဒ်အားဇိကလတ် မြို့ကိုပေးတော်မူ၏။ ဤအကြောင်းကြောင့် ဇိကလတ်မြို့သည် ယနေ့တိုင်အောင်ယုဒ ရှင်ဘုရင်တို့၏ပိုင်နက်ဖြစ်လေသည်။-
1 Samuel 29:4သို့ရာတွင်ဖိလိတ္တိတပ်မှူးတို့သည်အာခိတ် ကိုစိတ်ဆိုး၍``ထိုသူ့အားသင်ပေးအပ်ထား သည့်မြို့သို့ပြန်လွှတ်လိုက်လော့။ ငါတို့နှင့် အတူစစ်တိုက်ရာသို့မလိုက်စေနှင့်။ စစ် တိုက်နေစဉ်သူသည်ငါတို့အားရန်မူကောင်း ရန်မူပါလိမ့်မည်။ သူသည်မိမိအရှင့်ထံတွင် ပြန်၍မျက်နှာရအောင်ပြုလုပ်နိုင်သည့် နည်းမှာငါတို့လူများကိုသတ်သောနည်း ထက်ပို၍ကောင်းသောနည်းရှိပါသလော။-
1 Samuel 29:11ထို့ကြောင့်ဒါဝိဒ်တို့လူစုသည်နောက်တစ်နေ့ နံနက်စောစောအချိန်၌ ဖိလိတ္တိပြည်သို့ပြန် သွားကြ၏။ ဖိလိတ္တိအမျိုးသားတို့လည်း ယေဇရေလမြို့သို့ချီတက်ကြ၏။
1 Chronicles 12:21သူတို့သည်ထူးချွန်သောစစ်သူရဲများဖြစ် သဖြင့် ဒါဝိဒ်၏တပ်သားတို့ကိုအုပ်ချုပ်သူ အရာရှိများအဖြစ်ဖြင့်အမှုထမ်းရကြ ၏။ နောင်အခါ၌သူတို့သည်ဣသရေလ တပ်မတော်တွင်အရာရှိများဖြစ်လာကြ လေသည်။-