2 ဓမ္မရာဇဝင်ပထမစောင် 4:21
ထိုနောက်ပဋိညာဉ်သေတ္တာတော်ရန်သူတို့ လက်သို့ကျရောက်သွားသည်ကိုလည်းကောင်း၊ ယောက္ခမနှင့်ခင်ပွန်းကွယ်လွန်ကြသည်ကို လည်းကောင်းအကြောင်းပြု၍``ဣသရေလ အမျိုးသားတို့ဘုန်းအသရေကွယ်ပျောက် လေပြီ'' ဟုဆိုလျက် ထိုသားကိုဣခဗုဒ် ဟူ၍နာမည်မှည့်လေ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 4
Cross References
1 Samuel 3:12ထိုနေ့ကျရောက်သောအခါ ငါသည်ဧလိ၏ အိမ်ထောင်စုသားတို့အားဒဏ်စီရင်မည်ဟု မိန့်တော်မူခဲ့သည်အတိုင်း အစမှအဆုံး တိုင်အောင်ငါစီရင်မည်။-
1 Samuel 14:3(သင်တိုင်းကိုဝတ်ဆင်သောယဇ်ပုရောဟိတ် မှာအဟိယဖြစ်သည်။ သူ၏အဖကား ဣခဗုဒ်၏အစ်ကိုအဟိတုပ်ဖြစ်သည်။ အဟိတုပ်သည်ဖိနဟတ်၏သားဖြစ်၏။ ရှိလောမြို့၊ ထာဝရဘုရား၏ယဇ်ပုရော ဟိတ်ဧလိ၏မြေးဖြစ်၏။) စစ်သည်တပ်သား တို့သည်ယောနသန်ထွက်ခွာသွားသည်ကို မသိကြ။
Psalms 78:61တန်ခိုးတော်နှင့်ဘုန်းအသရေတော်အထိမ်း အမှတ် ဖြစ်သောပဋိညာဉ်သေတ္တာတော်ကိုလည်း ရန်သူတို့အားသိမ်းယူခွင့်ပြုတော်မူ၏။
Psalms 106:20သူတို့သည်ဘုရားသခင်၏ဘုန်းအသရေ တော်ကို မြက်စားတိရစ္ဆာန်ရုပ်နှင့်အစားထိုးကြကုန်၏။
Lamentations 2:1ထာဝရဘုရားသည်အမျက်ထွက်တော်မူ၍ ဇိအုန်မြို့ကိုအမှောင်ဖုံးစေတော်မူလေပြီ။ ထိုမြို့၏ခမ်းနားကြီးကျယ်မှုသည် ကောင်းကင်မှမြေကြီးသို့ကျဆင်းယိုယွင်းလေပြီ။ ကိုယ်တော်သည်အမျက်ထွက်တော်မူသောကာလ၌ မိမိ၏ဗိမာန်တော်ကိုပင်စွန့်ပစ်တော်မူ၏။