2 ဓမ္မရာဇဝင်ပထမစောင် 3:12
ထိုနေ့ကျရောက်သောအခါ ငါသည်ဧလိ၏ အိမ်ထောင်စုသားတို့အားဒဏ်စီရင်မည်ဟု မိန့်တော်မူခဲ့သည်အတိုင်း အစမှအဆုံး တိုင်အောင်ငါစီရင်မည်။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 3
Cross References
Joshua 23:15ကိုယ်တော်သည်ကတိတော်ရှိသည်အတိုင်းသင် တို့အား ကောင်းချီးမင်္ဂလာကိုချပေးတော်မူသည် မှန်သော်လည်း ကိုယ်တော်စကားကိုနားမထောင် လျှင်မူကား သင်တို့အပေါ်သို့ဘေးဒုက္ခအပေါင်း တို့ကိုကျရောက်စေတော်မူလိမ့်မည်။-
1 Samuel 2:27ပရောဖက်တစ်ပါးသည်ထာဝရဘုရားထံ မှဗျာဒိတ်တော်ကိုပြန်ကြားရန် ဧလိထံသို့ ရောက်ရှိလာ၏။ ထိုဗျာဒိတ်တော်ကားဤသို့ တည်း။ ``သင်၏ဘိုးဘေးအာရုန်နှင့်အိမ်ထောင် စုသားတို့သည် အီဂျစ်ဘုရင်ထံတွင်ကျွန်ခံ နေရစဉ်အခါကငါသည်အာရုန်အား ထင်ရှားခဲ့၏။-
1 Samuel 4:11ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်သည် ရန်သူတို့လက်သို့ကျရောက်သွား၏။ ဧလိ ၏သားဟောဖနိနှင့်ဖိနဟတ်တို့နှစ်ယောက် စလုံးလည်းအသတ်ခံရကြ၏။
1 Samuel 4:21ထိုနောက်ပဋိညာဉ်သေတ္တာတော်ရန်သူတို့ လက်သို့ကျရောက်သွားသည်ကိုလည်းကောင်း၊ ယောက္ခမနှင့်ခင်ပွန်းကွယ်လွန်ကြသည်ကို လည်းကောင်းအကြောင်းပြု၍``ဣသရေလ အမျိုးသားတို့ဘုန်းအသရေကွယ်ပျောက် လေပြီ'' ဟုဆိုလျက် ထိုသားကိုဣခဗုဒ် ဟူ၍နာမည်မှည့်လေ၏။-
Zechariah 1:6ငါသည်မိမိပရောဖက်များမှတစ်ဆင့် သင်တို့၏ဘိုးဘေးတို့အားအမိန့်ပညတ် များနှင့်သတိပေးစကားများကိုမိန့်မှာ သတိပေးခဲ့၏။ သူတို့သည်ငါ၏စကားကို လျစ်လှူရှုခဲ့ကြသဖြင့် ထိုက်သင့်သည့် အပြစ်ဒဏ်ကိုခံရကြ၏။ ထိုအခါသူ တို့သည်နောင်တရ၍လာကြ၏။ အနန္တ တန်ခိုးရှင်ငါထာဝရဘုရားသည်မိမိ စိတ်ပြဋ္ဌာန်းထားသည့်အတိုင်း သူတို့အား အပြစ်နှင့်အလျောက်ဆုံးမတော်မူကြောင်း ကိုလည်းသိမှတ်လာကြကုန်၏'' ဟုသူ တို့အားကြားပြောရန်မိန့်မှာတော်မူ၏။