2 ဓမ္မရာဇဝင်ပထမစောင် 5:10
သို့ဖြစ်၍သူတို့သည်ပဋိညာဉ်သေတ္တာတော်ကို အခြားဖိလိတ္တိမြို့တစ်မြို့ဖြစ်သောဧကြုန်မြို့ သို့ပို့လိုက်ကြ၏။ ထိုမြို့သို့သေတ္တာတော်ရောက် ရှိသောအခါလူတို့က``သူတို့သည်ငါတို့ ရှိသမျှကိုသတ်ရန်ဣသရေလအမျိုးသား တို့ကိုးကွယ်သည့်ဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုငါတို့ထံသို့ပင့်ဆောင်လာကြလေ ပြီ'' ဟုဟစ်အော်ကြကုန်၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 5
Cross References
Joshua 15:11ထိုနောက်ဧကြုန်မြို့မြောက်ဘက်ရှိတောင်သို့ ရောက်ပြီးလျှင် ရှိကြုန်မြို့ဘက်သို့လှည့်၍ ဗာလာတောင်ကိုလွန်လျက်ယာဗနေလမြို့ သို့ရောက်သည်။ ထိုနောက်အနောက်ဘက်နယ် နိမိတ်ဖြစ်သောမြေထဲပင်လယ်တွင်အဆုံး သတ်သည်။ ယုဒအနွယ်ဝင်မိသားစုတို့သည်ဖော်ပြ ပါနယ်နိမိတ်များအတွင်း၌နေထိုင်ကြ သည်။
Judges 1:18ထာဝရဘုရားသည်ယုဒအနွယ်ဝင်တို့အား ကူမတော်မူသဖြင့် သူတို့သည်တောင်ကုန်းဒေသ ကိုသိမ်းပိုက်နိုင်ကြ၏။ သို့ရာတွင်ဂါဇမြို့၊ အာရှ ကေလုန်မြို့၊ ဧကြုံမြို့နှင့်ထိုမြို့များ၏အနီးရှိ နယ်ပယ်များကိုမူမသိမ်းပိုက်နိုင်ကြချေ။ ပင် လယ်ကမ်းခြေတွင်နေထိုင်ကြသော ဤသူတို့ တွင်သံရထားများရှိသဖြင့်ယုဒအမျိုး သားတို့သည်သူတို့အားနှင်ထုတ်ခြင်းငှာ မစွမ်းကြ။-
1 Samuel 17:52ဣသရေလနှင့်ယုဒတပ်သားများသည်လည်း အော်သံပေးကာဂါသမြို့နှင့် ဧကြုန်မြို့တံခါးများတိုင်အောင်သူတို့အား လိုက်လံတိုက်ခိုက်ကြ၏။ ဖိလိတ္တိအမျိုးသား တို့သည်ဒဏ်ရာရ၍ ဂါသမြို့နှင့်ဧကြုန်မြို့ တိုင်အောင်ရှာရိမ်လမ်းတစ်လျှောက်လုံး၌ ကျဆုံးကြကုန်၏။-
1 Chronicles 7:21ဇာဗဒ်နှင့်ရှုသေလတို့ဖြစ်၏။ ဧဖရိမ်တွင် ဧဇာနှင့်ဧလဒ်ဟူသောသားနှစ်ယောက်ရှိ သေး၏။ သူတို့သည်ဂါသမြို့နေတိုင်းရင်း သားတို့၏နွားများကို ခိုးယူရန်ကြိုးစား သည့်အတွက်အသတ်ခံရကြ၏။-
Amos 6:2ကာလနေမြို့သို့သွားပြီးရှုလော့။ ထိုမှ တစ်ဖန်ဟာမတ်မြို့သို့လည်းကောင်း၊ ဖိလိတ္တိ မြို့ဂါသသို့လည်းကောင်းသွားဦးလော့။ ထို နိုင်ငံများသည်ယုဒနှင့်ဣသရေလနိုင်ငံ တို့ထက်သာသလော။ သူတို့နယ်မြေသည် သင်တို့နယ်မြေထက်ပို၍ကျယ်သလော။-