2 ဓမ္မရာဇဝင်ပထမစောင် 6:19
ဗက်ရှေမက်မြို့သားခုနစ်ဆယ်တို့သည် ပဋိ ညာဉ်သေတ္တာတော်ထဲသို့ကြည့်မိသဖြင့် ထာဝရဘုရားသည် သူတို့အားသေဒဏ် ခတ်တော်မူ၏။ မြို့သားတို့သည်မိမိတို့ အထဲမှလူမြောက်မြားစွာကို ထာဝရ ဘုရားသေဒဏ်ခတ်တော်မူသောကြောင့် ငိုကြွေးမြည်တမ်းကြ၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 6
Cross References
Exodus 19:21ထာဝရဘုရားကမောရှေအား``သင်သည် တောင်အောက်သို့ဆင်း၍၊ လူတို့ငါ့ကိုဖူး မြင်ရန်သတ်မှတ်ထားသောစည်းကိုကျော် ဖြတ်၍မလာရန်သတိပေးလော့။ ဖြတ် ကျော်လျှင်လူအများသေကြလိမ့်မည်။-
Leviticus 10:1အာရုန်၏သားများဖြစ်ကြသောနာဒပ်နှင့် အဘိဟုတို့သည် မိမိတို့တစ်ဦးစီနှင့်ဆိုင်ရာ မီးကျီးခံလင်ပန်းကိုယူ၍မီးသွေးမီးထည့် ပြီးလျှင် နံ့သာကိုဖြူးလျက်ထာဝရဘုရား အားပူဇော်ကြ၏။ သို့ရာတွင်ယင်းသို့ပူဇော် ရန်ထာဝရဘုရားကသူတို့အားအမိန့် မပေးသောကြောင့် ထိုမီးသည်သန့်ရှင်းသော မီးမဟုတ်၊-
Numbers 4:4သူတို့သည်အလွန်သန့်ရှင်းသောအရာများ နှင့်စပ်လျဉ်းသည့်အမှုကိုဆောင်ရွက်ရမည်'' ဟုမိန့်တော်မူ၏။
Numbers 4:18``ကောဟတ်၏သားချင်းစုတို့ကိုအလွန်သန့်ရှင်း သောပစ္စည်းများအနီးသို့မချဉ်းကပ်စေနှင့်။ ထို အဖြစ်မျိုးမဆိုက်ရောက်စေရန်အာရုန်နှင့်သူ ၏သားတို့သည်တဲတော်ထဲသို့ဝင်၍လူအသီး သီးဆောင်ရွက်ရမည့်တာဝန်နှင့်ထမ်းရမည့် ဝန်တို့ကိုခန့်ခွဲပေးရမည်။-
Deuteronomy 29:29``ငါတို့ဘုရားသခင်ထာဝရဘုရား ထုတ်ဖော်မပြသောအကြောင်းအရာများ ရှိ၏။ သို့ရာတွင်ငါတို့အားထုတ်ဖော်ပြ သောအကြောင်းအရာဟူမူကား ပညတ် တရားတော်ဖြစ်သတည်း။ ငါတို့နှင့်ငါ တို့၏နောင်လာနောင်သားတို့သည် ထို ပညတ်တရားတော်ကိုအစဉ်အမြဲ စောင့်ထိန်းရကြမည်။
1 Chronicles 13:9ထိုသူတို့ခိဒုန်ကောက်နယ်တလင်းသို့ရောက် သောအခါနွားတို့သည်ခြေချော်လဲသဖြင့် သြဇသည်လက်ကိုဆန့်၍ပဋိညာဉ်သေတ္တာ တော်ကိုထိန်းထားလိုက်၏။-