2 ဓမ္မရာဇဝင်ပထမစောင် 6:20
သို့ဖြစ်၍ဗက်ရှေမက်မြို့သားတို့က``သန့်ရှင်း မြင့်မြတ်တော်မူသည့်ဘုရားတည်းဟူသော ထာဝရဘုရား၏ရှေ့တော်၌ အဘယ်သူသည် ရပ်တည်နိုင်ပါမည်နည်း။ ငါတို့နှင့်ဝေးအောင် ကိုယ်တော်အားအဘယ်အရပ်သို့ပင့်ဆောင် သွားရပါမည်နည်း'' ဟုဆို၍၊-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 6
Cross References
Leviticus 11:45ငါသည်သင်တို့၏ထာဝရဘုရားသခင် ဖြစ်အံ့သောငှာ သင်တို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်းသောကြောင့် သင်တို့သည် လည်းသန့်ရှင်းကြရမည်။
1 Samuel 5:7သူတို့သည်ထိုအခြင်းအရာကိုတွေ့မြင် ကြသောအခါ``ဣသရေလအမျိုးသား တို့ကိုးကွယ်သောဘုရားသည်ငါတို့နှင့် ငါတို့၏ဒါဂုန်ဘုရားအားဒဏ်ခတ်တော်မူ လေပြီ။ ပဋိညာဉ်သေတ္တာတော်ကိုဤအရပ် တွင်ငါတို့ဆက်လက်ထားရှိ၍ဖြစ်တော့ မည်မဟုတ်'' ဟုဆိုကြ၏။-
2 Samuel 6:7ဘုရားသခင်ထာဝရဘုရားသည်အမျက် ထွက်တော်မူသဖြင့် သြဇအားရိုသေမှု ကင်းမဲ့သည့်အတွက်သေဒဏ်စီရင်တော်မူ၏။ သို့ဖြစ်၍သြဇသည်ပဋိညာဉ်သေတ္တာတော် ၏အနီးတွင်သေလေ၏။-
1 Chronicles 13:11သို့ဖြစ်၍ထိုအရပ်ကိုပေရဇောဇဟုယနေ့ တိုင်အောင်ခေါ်ဝေါ်သမုတ်ကြသတည်း။ ယင်း သို့သြဇအားထာဝရဘုရားအမျက်တော် ထွက်၍ ဒဏ်ခတ်တော်မူသည့်အတွက်ဒါဝိဒ် သည်စိတ်နာလေ၏။
Malachi 3:2သို့ရာတွင်အဘယ်သူသည်ကိုယ်တော်ရှင်ကြွ လာတော်မူမည့်နေ့ရက်ကာလကိုတိမ်းရှောင် နိုင်ပါမည်နည်း။ ကိုယ်တော်ရှင်ပေါ်ထွန်းတော် မူရာကာလ၌အဘယ်သူသည်ကျန်ရစ်လိမ့် မည်နည်း။ ကိုယ်တော်သည်အစွမ်းထက်သည့် ဆပ်ပြာနှင့်လည်းကောင်း၊ သတ္တုချွတ်သည့် မီးနှင့်လည်းကောင်းတူလိမ့်မည်။-
Luke 8:37ထိုအခါဂါရစနယ်ကလူအပေါင်းတို့ သည်လွန်စွာကြောက်လန့်ကြသဖြင့် မိမိတို့ အရပ်မှထွက်ခွာသွားတော်မူပါရန်ကိုယ်တော် အားတောင်းပန်ကြ၏။ သို့ဖြစ်၍ကိုယ်တော်သည် လှေပေါ်သို့တက်၍ထိုအရပ်မှထွက်ခွာတော် မူ၏။-