2 ဓမ္မရာဇဝင်ပထမစောင် 7:10
ရှမွေလသည်ယဇ်ပူဇော်လျက်နေစဉ်ဖိလိတ္တိ အမျိုးသားတို့သည် ဣသရေလအမျိုးသား တို့အားတိုက်ခိုက်ရန်ချီတက်လာကြ၏။ သို့ ရာတွင်ထိုအချိန်၌ပင်လျှင်ထာဝရဘုရား သည် သူတို့အပေါ်မှာပြင်းစွာမိုးချုန်းစေ တော်မူသဖြင့် သူတို့သည်ကစဥ့်ကရဲဖြစ် လျက်ထွက်ပြေးကြကုန်၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 7
Cross References
Exodus 9:23မောရှေသည်မိမိ၏တောင်ဝှေးကိုကောင်းကင် သို့မြှောက်လိုက်ရာ ထာဝရဘုရားသည်မိုး ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့်တကွ မိုးသီးမိုးရွာသွန်းစေလေ၏။ ထာဝရ ဘုရားစေလွှတ်တော်မူသော-
Deuteronomy 28:7``ထာဝရဘုရားသည် သင်တို့အားတိုက်ခိုက် သောရန်သူများကိုနှိမ်နင်းတော်မူလိမ့်မည်။ သူတို့သည်တစ်လမ်းတည်းဖြင့်လာရောက် တိုက်ခိုက်သော်လည်း လမ်းအသွယ်သွယ်ဖြင့် ထွက်ပြေးရလိမ့်မည်။
Judges 4:15ရန်သူကိုတိုက်ခိုက်ရာထာဝရဘုရားသည် သိသရ၏သံရထားများနှင့်တပ်သားတို့ ကိုကစဥ့်ကရဲဖြစ်စေတော်မူသဖြင့် သိသရ သည်မိမိရထားမှဆင်း၍ခြေလျင်ထွက် ပြေးလေ၏။-
Judges 5:20ကြယ်နက္ခတ်တို့သည်ကောင်းကင်ပြင်မှ တိုက်ခိုက်ကြ၏။ သူတို့သည်မိုးကောင်းကင်ကိုဖြတ်သန်းသွားစဉ် သိသရကိုတိုက်ခိုက်ကြ၏။
1 Samuel 12:17ယခုအခါသည်ခြောက်သွေ့သောရာသီဖြစ် ၏။ သို့ရာတွင်ငါဆုတောင်းပတ္ထနာပြုလျှင် ထာဝရဘုရားသည်မိုးကိုထစ်ချုန်းစွာ ရွာသွန်းစေတော်မူလိမ့်မည်။ ထိုအခါဘုရင် ကိုသင်တို့တောင်းဆိုမိသည့်အပြစ်သည် အဘယ်မျှကြီးလေးကြောင်းသင်တို့သိရှိ ကြလိမ့်မည်'' ဟုဆို၏။
Psalms 18:11ကိုယ်တော်သည်မိမိကိုယ်ကိုအမှောင်ဖြင့် ဖုံးလွှမ်းတော်မူ၏။ ကိုယ်တော်၏ပတ်လည်တွင်ရေဖြင့်ပြည့်လျက် ထူထပ်သောမိုးတိမ်များရှိ၏။