2 ဓမ္မရာဇဝင်ပထမစောင် 7:17
ထိုနောက်သူသည်ရာမမြို့နေအိမ်သို့ပြန်၍ တရားသူကြီးအဖြစ်ဖြင့်ဆောင်ရွက်၏။ သူ သည်ရာမမြို့တွင်ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ဆောက်လေ၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 7
Cross References
Genesis 12:7ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
Genesis 35:7ထိုအရပ်တွင်ယဇ်ပလ္လင်ကိုတည်၍သူ၏အစ်ကို ထံမှထွက်ပြေးနေရစဉ်က ဘုရားသခင်ကို ထိုအရပ်၌ဖူးတွေ့ခဲ့ရသောကြောင့်ဗေသလ ဟုခေါ်တွင်စေ၏။-
Judges 6:24ဂိဒေါင်သည်ထိုအရပ်၌ထာဝရဘုရား အဖို့ယဇ်ပလ္လင်တစ်ခုတည်ဆောက်၍``ထာဝရ ဘုရားသည်စိတ်အေးချမ်းခြင်းဖြစ်တော်မူ၏'' ဟူသောအမည်ဖြင့်မှည့်ခေါ်လေသည်။ (ထို ယဇ်ပလ္လင်သည်အဗျေဇာသားချင်းစုပိုင် သြဖရရွာ၌ယနေ့တိုင်အောင်တည်ရှိ သတည်း။)
1 Samuel 1:1ဧဖရိမ်တောင်ကုန်းဒေသရှိရာမမြို့တွင် ဧလကာနဟုနာမည်တွင်သောလူတစ် ယောက်ရှိ၏။ သူသည်ဧဖရိမ်အနွယ်ဝင်ဖြစ် ၍အဖမှာယေရောဟံ၊ အဖိုးကားဧလိ ဖြစ်၏။ သူသည်ဇုဖသားချင်းစု၊ တောဟူ အိမ်ထောင်စုဝင်ဖြစ်သတည်း။-
1 Samuel 8:4ထိုအခါဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့သည် စုဝေး၍ရာမမြို့ ရှိရှမွေလထံသို့သွားပြီးလျှင်၊-
1 Samuel 14:35ရှောလုသည်ထာဝရဘုရားအဖို့ယဇ်ပလ္လင် ကိုတည်ဆောက်တော်မူ၏။ ထိုယဇ်ပလ္လင်ကား ပထမဆုံးအကြိမ်ရှောလုတည်ဆောက် သည့်ယဇ်ပလ္လင်ဖြစ်သတည်း။