ကမ္ဘာဦးကျမ်း 35:7
ထိုအရပ်တွင်ယဇ်ပလ္လင်ကိုတည်၍သူ၏အစ်ကို ထံမှထွက်ပြေးနေရစဉ်က ဘုရားသခင်ကို ထိုအရပ်၌ဖူးတွေ့ခဲ့ရသောကြောင့်ဗေသလ ဟုခေါ်တွင်စေ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 12:7ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
Genesis 28:10ယာကုပ်သည်ဗေရရှေဘအရပ်မှခါရန် မြို့သို့ခရီးထွက်ခဲ့လေသည်။-
Genesis 28:17သူသည်ကြောက်ရွံ့လျက်``ဤအရပ်သည်ကြောက်မက် ဖွယ်ကောင်းသောအရပ်ဖြစ်ပါသည်တကား။ ဘုရားသခင်ကျိန်းဝပ်တော်မူရာဗိမာန်ကောင်းကင်ဘုံ တံခါးဝပင်ဖြစ်ပါသည်တကား'' ဟုဆိုလေ၏။
Genesis 28:22အကျွန်ုပ်စိုက်ထူသောဤမှတ်တိုင်သည်ထာဝရ ဘုရားကိုကိုးကွယ်ရာဌာနဖြစ်ပါလိမ့်မည်။ အကျွန်ုပ်သည်လည်းကိုယ်တော်ရှင်ပေးတော်မူ သမျှထဲမှဆယ်ပုံတစ်ပုံကိုကိုယ်တော်ရှင် အားလှူဒါန်းပါမည်'' ဟုသစ္စာဆိုလေ၏။
Genesis 31:13ငါသည်ကားဗေသလအရပ်၌သင်ကျောက် တုံးကိုမှတ်တိုင်အဖြစ်တည်၍ သံလွင်ဆီ လောင်းလျက်ဆက်ကပ်ပြီးလျှင်ငါ့အားသစ္စာ ပြုသောအခါ သင်ရူပါရုံတွင်မြင်ရသော ဘုရားဖြစ်တော်မူ၏။ သင်သည်ဤပြည်မှ ထွက်၍သင်၏နေရင်းပြည်သို့ပြန်ရန်ယခု ပြင်ဆင်လော့' ဟုငါ့အားမိန့်တော်မူလေ သည်'' ဟုဆို၏။
Genesis 35:3ငါတို့သည်ဤအရပ်မှဗေသလအရပ်သို့ သွားကြမည်။ ငါဒုက္ခရောက်စဉ်ကငါ့ကိုကယ်မ ၍ငါသွားလေရာရာခရီးလမ်းတွင် ငါနှင့် အတူရှိတော်မူသောဘုရားသခင်အားပူ ဇော်ရန်ထိုအရပ်၌ယဇ်ပလ္လင်တည်မည်'' ဟု ဆိုလေ၏။-