တရားဟောရာကျမ်း 17:14
``သင်တို့သည်ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်ကိုသိမ်းပိုက်နေ ထိုင်ကြသောအခါ ပတ်ဝန်းကျင်နိုင်ငံများ နည်းတူဘုရင်တစ်ပါးကိုနန်းတင်လို ကြပေလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 7:1``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့သိမ်းယူမည့်ပြည်သို့သင်တို့ကို ပို့ဆောင်လျက် ထိုပြည်တွင်နေထိုင်သောသင်တို့ ထက်လူဦးရေများ၍အင်အားကြီးသောဟိတ္တိ လူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါ နာနိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတည်းဟူသောလူမျိုးခုနစ် မျိုးတို့ကိုနှင်ထုတ်တော်မူလိမ့်မည်။-
Deuteronomy 12:9သင်တို့အပေါင်းသည်မိမိနှစ်သက်ရာနည်း ဖြင့် ယနေ့တိုင်အောင်ကိုယ်တော်ကိုကိုးကွယ် လျက်ရှိကြ၏။-
Deuteronomy 26:1``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်သို့ ဝင်ရောက် သိမ်းပိုက်နေထိုင်ကြသောအခါ၊-
Joshua 1:13``ယော်ဒန်မြစ်အရှေ့ဘက်ရှိနယ်မြေကိုသင် တို့နေထိုင်ရန်အတွက် သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးမည်ဟုထာဝရဘုရား ၏အစေခံမောရှေမိန့်မှာခဲ့သည်ကိုသတိ ရကြလော့။-
1 Samuel 8:19လူတို့သည်ရှမွေလပြောကြားသည်ကိုပမာ ဏမပြုဘဲ``ထိုသို့မဟုတ်ပါ။ အကျွန်ုပ်တို့ သည်အခြားတိုင်းပြည်များမှာကဲ့သို့မိမိ တို့အားအုပ်စိုး၍ မိမိတို့၏စစ်ပွဲများတွင် ရှေ့ဆောင်တိုက်ခိုက်ရန်ဘုရင်ကိုလိုချင်ပါ သည်'' ဟုလျှောက်ကြ၏။-
1 Samuel 12:19ရှမွေလအား``အရှင်၊ အကျွန်ုပ်တို့မသေရလေ အောင် အရှင်၏ဘုရားသခင်ထာဝရဘုရားထံ ကျွန်ုပ်တို့အဖို့ဆုတောင်းတော်မူပါ။ ကျွန်ုပ်တို့ သည်ရှင်ဘုရင်ကိုတောင်းသောကြောင့်အပြစ် များတို့အပေါ်မှာထပ်ဆင့်၍အပြစ်ကိုပြု မိပါပြီ'' ဟုဆို၏။