သက်သာလောနိတ်ဩဝါဒစာပထမစောင် 4:14
သခင်ယေရှုသည်အသေခံတော်မူပြီးနောက် ရှင်ပြန်ထမြောက်တော်မူသည်ဟုငါတို့ယုံကြည် သောကြောင့် ဘုရားသခင်သည်ကိုယ်တော်ကိုယုံ ကြည်လျက်သေလွန်သွားကုန်သောသူတို့အား ထိုအရှင်နှင့်အတူမိမိထံတော်သို့ပြန်၍ ခေါ်ဆောင်သွားတော်မူလိမ့်မည်ဟုငါတို့ ယုံကြည်ကြပေသည်။
Common Language Bible
In The King James Version
In Context
Read all of သက်သာလောနိတ်ဩဝါဒစာပထမစောင် 4
Cross References
Genesis 49:19ဂဒ်သည်ဋ္ဌားပြတို့၏တိုက်ခိုက်ခြင်းကိုခံ ရမည်။ သို့ရာတွင်သူသည်မိမိကိုတိုက်ခိုက်သူတို့ အား ပြန်၍လိုက်လံတိုက်ခိုက်လိမ့်မည်။
Zechariah 14:15ရန်သူတပ်စခန်းမှမြင်း၊ ကုလားအုတ်၊ မြည်း အစရှိသည့်တိရစ္ဆာန်အပေါင်းတို့အပေါ် သို့လည်း ကြောက်မက်ဖွယ်ကောင်းသည့်အနာ ရောဂါဘေးကျရောက်လိမ့်မည်။
Romans 8:11သခင်ယေရှုကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောဘုရားသခင်၏ဝိညာဉ်တော် သည်သင်တို့အထဲ၌ကျိန်းဝပ်တော်မူလျှင် ခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောအရှင်သည်သင်တို့အထဲ၌ ကျိန်းဝပ်သော မိမိ၏ဝိညာဉ်တော်အားဖြင့် သေတတ်သောသင်တို့၏ကိုယ်ခန္ဓာကိုလည်း ရှင်စေတော်မူလိမ့်မည်။
2 Corinthians 4:13ကျမ်းစာတော်တွင် ``ငါသည်ယုံကြည်သော ကြောင့်ဟောပြောသည်'' ဟုပါရှိသည်အတိုင်း ငါတို့လည်းထိုသို့ယုံကြည်မှုရှိသဖြင့် ဟောပြောကြ၏။-
1 Thessalonians 3:13ဤနည်းအားဖြင့်ကိုယ်တော်သည်သင်တို့ကို ကြံ့ခိုင်စေတော်မူလိမ့်မည်။ ငါတို့အရှင်သခင် ယေရှုသည်မိမိ၏ကောင်းကင်တမန်အပေါင်း တို့နှင့်အတူကြွလာတော်မူသောအခါ၌ သင် တို့သည်ငါတို့အဖဘုရားသခင်၏ရှေ့တော် တွင်အပြစ်ဆိုဖွယ်မရှိသောသန့်ရှင်း မြင့်မြတ်သူများဖြစ်ကြပေအံ့။
1 Thessalonians 4:17ထိုနောက်အသက်ရှင်လျက်ကျန်ရစ်သောငါတို့ သည်အာကာသတွင်သေလွန်သူတို့နှင့်အတူ သခင်ဘုရားနှင့်တွေ့ဆုံရန်မိုးကောင်းကင်သို့ ယူဆောင်ခြင်းကိုခံရကြလိမ့်မည်။ ဤနည်း အားဖြင့်ငါတို့သည်သခင်ဘုရားနှင့်အတူ အစဉ်အမြဲနေရကြပေအံ့။-