သက်သာလောနိတ်ဩဝါဒစာပထမစောင် 4:9
ယုံကြည်သူအချင်းချင်းချစ်ကြစေရန်သင် တို့ကိုဘုရားသခင်သွန်သင်တော်မူခဲ့သဖြင့် သင်တို့အချင်းချင်းချစ်ရမည်အကြောင်းနှင့် ပတ်သက်၍ရေးသားရန်မလို။-
Common Language Bible
In The King James Version
In Context
Read all of သက်သာလောနိတ်ဩဝါဒစာပထမစောင် 4
Cross References
Leviticus 19:8ထိုအသားကိုစားသောသူသည် ငါ့အတွက် ဆက်ကပ်ထားသောပူဇော်သကာကိုမရို မသေပြုသောကြောင့် သူ့အားငါ၏လူမျိုး တော်မှထုတ်ပယ်မည်။
Isaiah 51:13မိုးကောင်းကင်ကိုဖြန့်ကြက်၍ကမ္ဘာမြေကြီးကို အုတ်မြစ်ချကာ၊ သင်တို့ကိုဖန်ဆင်းတော်မူသောထာဝရဘုရားအား၊ သင်တို့သည်မေ့လျော့ကြလေပြီလော။ သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူများ၊သင်တို့ကို သုတ်သင် ဖျက်ဆီးပစ်ရန်အသင့်ရှိသူများအား၊ အဘယ်ကြောင့်သင်တို့သည်အစဉ်အမြဲကြောက်၍ နေရကြပါမည်နည်း။ သူတို့၏အမျက်ဒေါသသည်သင်တို့အား အဘယ်အခါ၌မျှဘေးဥပဒ်မဖြစ်စေနိုင်။
Matthew 22:39ဒုတိယအကြီးမြတ်ဆုံးပညတ်ကား၊ အိမ်နီးချင်း ကိုကိုယ်နှင့်အမျှချစ်ရမည်ဟူသောပညတ် ဖြစ်၏။-
John 13:34အချင်းချင်းချစ်ကြလော့ဟူသောပညတ်သစ် ကိုသင်တို့အားငါပေး၏။ ငါသည်သင်တို့ကို ချစ်သည်နည်းတူသင်တို့သည်လည်းအချင်း ချင်းချစ်ကြရမည်။-
John 15:12ငါ့ပညတ်ကားငါသည်သင်တို့ကိုချစ်သည့် နည်းတူ သင်တို့သည်အချင်းချင်းချစ်ကြ လော့။-
Romans 12:10သင်တို့သည်ခရစ်ယာန်ညီအစ်ကိုများအနေ ဖြင့်တစ်ဦးကိုတစ်ဦးချစ်ကြလော့။ တစ်ဦး ကိုတစ်ဦးချီးမွမ်းရန်လျင်မြန်ကြစေ။-