တိမောသေဩဝါဒစာပထမစောင် 3:11
သူတို့၏ဇနီးများသည်လည်းစာရိတ္တကောင်း မွန်သူများဖြစ်ရမည်။ အတင်းပြောဆိုတတ် သူများမဖြစ်စေရ။ ဣန္ဒြေရှိသူ၊ အရာရာ၌ ရိုးသားဖြောင့်မတ်သူများဖြစ်ရကြမည်။-
Common Language Bible
In The King James Version
Even so must their wives be grave, not slanderers, sober, faithful in all things.
In Context
10သူတို့အားဦးစွာစစ်ဆေး၍အပြစ်ကင်းမှ အမှုတော်ဆောင်ခွင့်ပြုကြလော့။-
Read all of တိမောသေဩဝါဒစာပထမစောင် 3
Cross References
Leviticus 21:7သူသည်သန့်ရှင်းသူဖြစ်သောကြောင့် ပြည့် တန်ဆာမကိုသော်လည်းကောင်း၊ အပျို ရည်ပျက်သောမိန်းမကိုသော်လည်းကောင်း၊ လင်ကွာမိန်းမကိုသော်လည်းကောင်းမစုံ ဖက်ရ။-
Psalms 15:3သူတစ်ပါး၏အသရေကိုမဖျက်တတ်သူ ဖြစ်ပါ၏။ ထိုသူသည်မိမိ၏မိတ်ဆွေများကိုမပြစ်မှားတတ်။ အိမ်နီးချင်းတို့၏အကြောင်းကိုလည်းမကောင်း သတင်း မလွှင့်တတ်။
Psalms 101:5သူတစ်ပါးအကြောင်းမကောင်းသတင်း တီးတိုးလွှင့်တတ်သူကိုဖယ်ရှားပစ်ပါမည်။ မာန်မာနထောင်လွှားလျက်စိတ်နေမြင့်သူကို သည်းခံမည်မဟုတ်ပါ။
Proverbs 25:13စပါးရိတ်ရာကာလ၌ မိုဃ်းပွင့်ကြောင့် ချမ်း သကဲ့သို့၊ သစ္စာစောင့်သော တမန်သည် စေလွှတ်သောသူ ၌ ဖြစ်၍၊ သခင်စိတ်ကို ချမ်းဧစေတတ်၏။
Ezekiel 44:22အဘယ်ယဇ်ပုရောဟိတ်မျှကွာရှင်းထား သည့်အမျိုးသမီးနှင့်မထိမ်းမြားရ။ ဣ သရေလအပျိုစင် သို့မဟုတ်အခြားယဇ် ပုရောဟိတ်တစ်ဦး၏မုဆိုးမနှင့်သာလျှင် ထိမ်းမြားရမည်။ အခြားမုဆိုးမနှင့်မ ထိမ်းမြားရ။
Luke 1:5ယုဒရှင်ဘုရင်ဟေရုဒ်မင်းလက်ထက်၌ ဇာခရိ နာမည်ရှိသောယဇ်ပုရောဟိတ်တစ်ပါးရှိ၏။ သူ သည်အဘိယယဇ်ပုရောဟိတ်အဖွဲ့ဝင်ဖြစ်၏။ သူ၏ဇနီးကားဧလိရှဗက်ဟုနာမည်တွင်၏။ ဧလိရှဗက်သည်လည်းယဇ်ပုရောဟိတ်အနွယ် ဝင်ဖြစ်၏။-