The Bible Software
bible.software › Psalms › Psalms 15 › Psalms 15:3

Psalms 15:3

သူ​တစ်​ပါး​၏​အ​သ​ရေ​ကို​မ​ဖျက်​တတ်​သူ ဖြစ်​ပါ​၏။ ထို​သူ​သည်​မိ​မိ​၏​မိတ်​ဆွေ​များ​ကို​မ​ပြစ်​မှား​တတ်။ အိမ်​နီး​ချင်း​တို့​၏​အ​ကြောင်း​ကို​လည်း​မ​ကောင်း သ​တင်း မ​လွှင့်​တတ်။

Common Language Bible

In The King James Version

He that backbiteth not with his tongue, nor doeth evil to his neighbour, nor taketh up a reproach against his neighbour.

In Context

2ခပ်​သိမ်း​သော​အ​မှု​တို့​တွင်​ဘု​ရား​သ​ခင်​၏ စ​ကား​ကို​နား​ထောင်​လျက် ဖြောင့်​မှန်​ရာ​ကို​အ​စဉ်​ပြု​ကျင့်​တတ်​သူ၊ ဟုတ်​မှန်​ရိုး​သား​စွာ​ပြော​ဆို​တတ်​သူ၊

4သူ​သည်​ဘု​ရား​သ​ခင်​ပစ်​ပယ်​သူ​တို့​ကို စက်​ဆုပ်​ရွံ​ရှာ​၍ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို​နား​ထောင် သူ​တို့​အား ဂုဏ်​ပြု​ချီး​မြှင့်​တတ်​၏။ အ​ဘယ်​မျှ​ပင်​မိ​မိ​၏​အ​ကျိုး​ထိ​ခိုက်​နစ်​နာ စေ​ကာ​မူ မိ​မိ​၏​က​တိ​များ​အ​တိုင်း​အ​စဉ်​ပြု​တတ်​၏။

Read all of Psalms 15

Cross References

Exodus 23:1``သင်​တို့​သည်​မ​ဟုတ်​မ​မှန်​သော​သ​တင်း ကို​မ​လွှင့်​နှင့်။ အ​ပြစ်​ကူး​လွန်​သူ​ဘက်​မှ မ​တ​ရား​သက်​သေ​မ​ခံ​နှင့်။-

1 Samuel 24:11အ​ကျွန်ုပ်​၏​ခ​မည်း​တော်၊ ဤ​မှာ​ကြည့်​တော် မူ​ပါ။ အ​ကျွန်ုပ်​ကိုင်​ထား​သည့်​အ​ရှင့်​ဝတ်​လုံ​စ ကို​ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​အ​ရှင့် အား​သတ်​ဖြတ်​နိုင်​ခွင့်​ရ​ရှိ​ခဲ့​သော်​လည်း ဤ ဝတ်​လုံ​စ​ကို​သာ​လျှင်​လှီး​ဖြတ်​ခဲ့​ပါ​၏။ အ​ရှင့် အား​ပုန်​ကန်​ရန်​သော်​လည်း​ကောင်း၊ ဘေး​အန္တ​ရာယ် ပြု​ရန်​သော်​လည်း​ကောင်း အ​ကျွန်ုပ်​မ​ကြံ​ရွယ် ကြောင်း​ကို​ဤ​အ​ချက်​အား​ဖြင့် အ​ရှင်​မင်း ကြီး​ကောင်း​စွာ​နား​လည်​သ​ဘော​ပေါက်​သင့် ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင့်​အား​အ​ဘယ်​သို့ မျှ​မ​ပြစ်​မှား​ခဲ့​သော်​လည်း အ​ရှင်​သည် အ​ကျွန်ုပ်​ကို​သတ်​ရန်​လိုက်​လံ​ဖမ်း​ဆီး လျက်​နေ​ပါ​၏။-

Proverbs 22:10မထီမဲ့မြင်ပြုသောသူကိုနှင်ထုတ်လော့။ သို့ပြု လျှင် ရန်မာန်လည်း ထွက်သွားလိမ့်မည်။ ရန်တွေ့ခြင်းနှင့် ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။

Isaiah 56:2ဥ​ပုသ်​နေ့​ကို​အ​လွဲ​သုံး​စား​မ​ပြု​ဘဲ​ကောင်း စွာ​စောင့်​ထိန်း​သူ​တို့​နှင့် အ​ဘယ်​မ​ကောင်း​မှု ကို​မျှ​မ​ပြု​သူ​တို့​ကို​ကောင်း​ချီး​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။

Matthew 7:12``သင်​တို့​သည်​မိ​မိ​တို့​အား​ကျေး​ဇူး​ပြု​စေ​လို​သည့် အ​တိုင်း သူ​တစ်​ပါး​တို့​အား​ကျေး​ဇူး​ပြု​ကြ​လော့။ ဤ​ကား​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း​များ​၏ သွန်​သင်​ချက်​အ​ချုပ်​အ​ခြာ​ဖြစ်​သ​တည်း။

Romans 12:17အ​ဘယ်​သူ​ကို​မျှ​လက်​စား​မ​ချေ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​ရှေ့​တွင်​တင့်​တယ်​လျောက်​ပတ် စွာ​ပြု​ကျင့်​ကြ​လော့။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 15:3

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 15:2Psalms 15Psalms 15:4 →