ရာဇဝင်ချုပ်ပထမစောင် 11:2
သို့ရာတွင်ထာဝရဘုရားက``သင်တို့အားလုံး မိမိတို့နေရပ်သို့ပြန်ကြလော့။ ဣသရေလ အမျိုးသားအချင်းချင်းမတိုက်ခိုက်ကြ နှင့်။ ယခုဖြစ်ပွားခဲ့သောအမှုသည်ငါ၏ အလိုတော်အရဖြစ်ကြောင်းကို ရောဗောင် မင်းနှင့်တကွယုဒနှင့်ဗင်္ယာမိန်အနွယ်ဝင် အပေါင်းတို့အားဆင့်ဆိုလော့'' ဟုပရော ဖက်ရှေမာယအားမိန့်တော်မူ၏။ ထိုသူ အပေါင်းတို့သည်ထာဝရဘုရား၏အမိန့် တော်ကိုနာခံလျက်ယေရောဗောင်ကိုစစ် မတိုက်ဘဲပြန်ကြကုန်၏။
Common Language Bible
In The King James Version
But the word of the LORD came to Shemaiah the man of God, saying,
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 11
Cross References
1 Samuel 2:27ပရောဖက်တစ်ပါးသည်ထာဝရဘုရားထံ မှဗျာဒိတ်တော်ကိုပြန်ကြားရန် ဧလိထံသို့ ရောက်ရှိလာ၏။ ထိုဗျာဒိတ်တော်ကားဤသို့ တည်း။ ``သင်၏ဘိုးဘေးအာရုန်နှင့်အိမ်ထောင် စုသားတို့သည် အီဂျစ်ဘုရင်ထံတွင်ကျွန်ခံ နေရစဉ်အခါကငါသည်အာရုန်အား ထင်ရှားခဲ့၏။-
2 Chronicles 8:14ခမည်းတော်ဒါဝိဒ်ချမှတ်ထားခဲ့သည့်စည်း မျဉ်းများအတိုင်းမင်းကြီးသည် ယဇ်ပုရော ဟိတ်တို့နေ့စဉ်လုပ်ဆောင်ရန်တာဝန်များကို လည်းကောင်း၊ ယဇ်ပုရောဟိတ်တို့အမှုတော် ဆောင်ရာတွင်ပါဝင်ကူညီကာ ဋ္ဌမ္မသီချင်း များအေးကူးကြရသူလေဝိအနွယ်ဝင် တို့၏အလုပ်တာဝန်များကိုလည်းကောင်း စီစဉ်ပေးတော်မူ၏။ ဘုရားသခင်၏အစေခံ ဒါဝိဒ်အမိန့်ရှိတော်မူခဲ့သည့်အတိုင်းဗိမာန် တော်အစောင့်တပ်သားများကိုလည်းနေ့စဉ် တာဝန်ဝတ္တရားများထမ်းဆောင်ရန်အဖွဲ့ များဖွဲ့စည်းပေးတော်မူ၏။-
2 Chronicles 12:15ရောဗောင်ဆောင်ရွက်ခဲ့သည့်အမှုအရာများ အကြောင်းအစမှအဆုံးနှင့်သူ၏အိမ်ထောင် စုမှတ်တမ်းများကိုပရောဖက်ရှေမာယ၏ အတ္ထုပ္ပတ္တိနှင့်ပရောဖက်ဣဒေါ၏အတ္ထုပ္ပတ္တိ တွင်တွေ့ရှိရလေသည်။ ရောဗောင်နှင့်ယေရော ဗောင်တို့သည်အစဉ်မပြတ်စစ်ဖြစ်ကြ၏။-