ရာဇဝင်ချုပ်ပထမစောင် 12:3
သူသည်စစ်ရထားတစ်ထောင့်နှစ်ရာ၊ မြင်းစီး သူရဲခြောက်သောင်းနှင့်လိဗုပြည်သား၊ သုကိ ပြည်သား၊ ဆူဒန်ပြည်သားတို့အပါအဝင် မရေမတွက်နိုင်သောစစ်သည်တော်များပါ ရှိသည့်တပ်မတော်ကြီးကိုခေါင်းဆောင်၍ လာ၏။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 12
Cross References
Genesis 10:6ဟာမ၏သားများဖြစ်ကြသောကုရှ၊ အီဂျစ်၊ လစ်ဗြားနှင့်ခါနာန်တို့သည်ကား သူတို့၏ နာမည်ကိုခံယူကြသူလူမျိုးတို့၏ဖခင် များဖြစ်ကြ၏။-
Judges 6:5သူတို့သည်မိမိတို့၏တဲရှင်များ၊ သိုးနွားများ နှင့်ပြန်လာတတ်ကြ၏။ သူတို့၏အရေအတွက် မှာကျိုင်းကောင်အုပ်ကဲ့သို့များသတည်း။ သူတို့ နှင့်သူတို့၏ကုလားအုတ်များမှာလည်းမရေ မတွက်နိုင်အောင်များပြားသည်။ သူတို့သည် ဝင်ရောက်လာ၍ရှိသမျှကိုဖျက်ဆီးပစ် ကြ၏။-
2 Samuel 10:18ဣသရေလအမျိုးသားတို့သည်ရှုရိပြည် သားတို့အားတိုက်ထုတ်လိုက်ကြ၏။ ဒါဝိဒ် ၏လူတို့ကရှုရိစစ်ရထားမှူးခုနစ်ရာ နှင့်မြင်းစီးသူရဲလေးသောင်းတို့ကိုသုတ် သင်ပြီးလျှင် ရန်သူဗိုလ်ချုပ်ရှောဗက်ကို လည်းဒဏ်ရာရစေ၏။ ထို့ကြောင့်သူသည် စစ်မြေပြင်၌ပင်သေဆုံးလေသည်။-
2 Chronicles 14:9ဆူဒန်အမျိုးသားဇေရဆိုသူသည်စစ်သည် တစ်သန်း၊ စစ်ရထားသုံးရာဖြင့်ယုဒပြည် သို့ချင်းနင်းဝင်ရောက်ကာမရေရှမြို့တိုင် အောင်ချီတက်လာလေသည်။-
2 Chronicles 16:8ဆူဒန်နှင့်လိဗုအမျိုးသားတို့တွင်စစ်ရထား နှင့် မြင်းစီးသူရဲအမြောက်အမြားပါဝင် သည့်တပ်မတော်များရှိခဲ့ကြသည်မဟုတ် ပါလော။ ဘုရင်မင်းသည်ထာဝရဘုရားကို အားကိုးခဲ့သဖြင့် ကိုယ်တော်သည်ဘုရင်မင်း အားထိုတပ်မတော်တို့ကိုနှိမ်နင်းခွင့်ပေး တော်မူခဲ့၏။-
Ezekiel 30:5``စစ်ပွဲတွင်ကုရှပြည်၊ ဖုတပြည်၊ လုဒပြည်၊ အာရေဗျပြည်နှင့်ခုဘပြည်တို့မှအငှား စစ်သည်များနှင့် ငါ၏လူမျိုးတော်အထဲ မှပင်လျှင်အချို့သောသူတို့ကျဆုံးကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။