ရာဇဝင်ချုပ်ပထမစောင် 13:11
သူတို့သည်နံနက်တိုင်း၊ ညနေတိုင်း၊ နံ့သာပေါင်း နှင့်တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုထာဝရ ဘုရားအားပူဇော်ကြသည်။ ဘာသာရေးထုံးနည်း အရသန့်စင်သည့်စားပွဲပေါ်တွင်ရှေ့တော်မုန့်ကို ပူဇော်ကြ၏။ ညနေတိုင်းရွှေမီးတင်ခုံများပေါ် ရှိမီးခွက်များကိုထွန်းညှိကြ၏။ ငါတို့သည် ထာဝရဘုရား၏အမိန့်တော်ကိုလိုက်နာ ကြ၏။ သင်တို့မူကားကိုယ်တော်ကိုစွန့်ပယ် ကြလေပြီ။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 13
Cross References
Genesis 26:5အာဗြဟံသည်ငါ၏စကားကိုနားထောင်၍ငါ ၏ပညတ်နှင့်အမိန့်ရှိသမျှတို့ကိုစောင့်ထိန်း သောကြောင့် ငါသည်သင့်အားကောင်းချီးပေး မည်'' ဟုမိန့်တော်မူ၏။
Exodus 27:20``ဆီမီးတိုင်ကိုညနေတိုင်းထွန်းညှိနိုင်ရန် အ ကောင်းဆုံးသံလွင်ဆီကိုယူဆောင်ခဲ့ကြလော့ ဟု ဣသရေလအမျိုးသားတို့အားဆင့်ဆို လော့။-
Exodus 30:1``နံ့သာပေါင်းမီးရှို့ပူဇော်ရာပလ္လင်ကို အကာရှ သစ်သားဖြင့်ပြုလုပ်လော့။-
Numbers 1:53တစ်စုံတစ်ယောက်သည်တဲတော်အနီးသို့ချဉ်းကပ်မိလျှင် ငါသည်အမျက်ထွက်၍တစ်မျိုးသားလုံးကိုဒဏ်ခတ်မည်ဖြစ်သည်။ သို့ဖြစ်၍လေဝိအနွယ်ဝင်တို့သည်တဲတော်ကိုစောင့်ကြပ်ရန်တဲတော်ပတ်လည်တွင်စခန်းချရမည်'' ဟုမိန့်တော်မူ၏။-
Numbers 16:6နက်ဖြန်နေ့နံနက်တွင်သင်နှင့်သင်၏နောက် လိုက်တို့သည်မီးကျီးခံအိုးများတွင်မီးခဲ နှင့်နံ့သာပေါင်းကိုထည့်၍ယဇ်ပလ္လင်သို့ယူ ဆောင်သွားလော့။ ထိုအခါမည်သူ့အား ထာဝရဘုရားရွေးကောက်တော်မူကြောင်း ကိုသိရကြလိမ့်မည်။ လေဝိအနွယ်ဝင် ဖြစ်သောသင်တို့သာလျှင်လွန်ကဲသော အမှုကိုပြုသူများဖြစ်သည်'' ဟုဆို လေ၏။