ရာဇဝင်ချုပ်ပထမစောင် 13:10
``ငါတို့မူကားငါတို့၏ဘုရားသခင်ထာဝရ ဘုရားကိုမစွန့်ဘဲဆက်လက်ကိုးကွယ်လျက် ရှိကြသည်။ အာရုန်မှဆင်းသက်လာသောယဇ်ပု ရောဟိတ်များသည်မိမိတို့တာဝန်ဝတ္တရားများ ကိုထမ်းဆောင်လျက်ရှိကြ၏။ သူတို့အားလေဝိ အနွယ်ဝင်များကကူညီလျက်ရှိကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 13
Cross References
Exodus 29:1``ယဇ်ပုရောဟိတ်များအဖြစ်ငါ၏အမှုတော် ကိုထမ်းဆောင်ရန်အာရုန်နှင့်သူ၏သားတို့အား ဤသို့ဆက်ကပ်ရမည်။ အပြစ်အနာကင်းသော နွားပေါက်တစ်ကောင်နှင့်သိုးထီးနှစ်ကောင်ကို ယူခဲ့လော့။-
Numbers 16:40အာရုန်၏အဆက်အနွယ်မဟုတ်သူမည် သူတစ်စုံတစ်ယောက်မျှ ထာဝရဘုရား အားနံ့သာပေါင်းကိုပူဇော်ရန်ယဇ်ပလ္လင် သို့မချဉ်းကပ်ရဟုကြေးဝါအဖုံးက ဣသရေလအမျိုးသားတို့ကိုသတိပေး ၏။ ဤပညတ်ကိုမလိုက်နာသူသည်ကောရ နှင့်သူ၏နောက်လိုက်များနည်းတူ ပျက်စီး ဆုံးရှုံးရလိမ့်မည်။ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာတော်မူသမျှ တို့ကို ဧလာဇာဆောင်ရွက်လေသည်။
Joshua 24:17အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား သည် အကျွန်ုပ်တို့၏ဖခင်များနှင့်အကျွန်ုပ်တို့ အားကျွန်ခံရာအီဂျစ်ပြည်မှကယ်တင်တော် မူခဲ့ပါပြီ။ ကိုယ်တော်ပြုတော်မူသောအံ့သြ ဖွယ်ရာအမှုများကိုအကျွန်ုပ်တို့မြင်ခဲ့ရ ကြပါပြီ။ နိုင်ငံအသီးသီးကိုဖြတ်သန်း ရာခရီးတစ်လျှောက်တွင်ကိုယ်တော်သည် အကျွန်ုပ်တို့အားကာကွယ်စောင့်ရှောက် တော်မူခဲ့ပါသည်။-
Nehemiah 13:30ငါသည်ပြည်သူတို့အားလူမျိုးခြားနှင့် ဆိုင်သောအမှုအရာဟူသမျှနှင့်ကင်းစင် စေ၏။ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ် ဝင်တို့အားမိမိတို့တာဝန်ဝတ္တရားအသီး သီးကိုသိရှိနားလည်ကြစေရန်စည်း မျဉ်းများကိုရေးဆွဲပေး၏။-