ရာဇဝင်ချုပ်ပထမစောင် 13:8
ယခုသင်တို့သည်ဒါဝိဒ်၏သားမြေးတို့အား ထာဝရဘုရားပေးအပ်ထားတော်မူသောရာဇ အာဏာကိုဆိုင်ပြိုင်ရန်ကြံစည်ကြသည်။ သင်တို့ တွင်အင်အားကြီးမားသောတပ်မတော်နှင့်သင် တို့ကိုးကွယ်ရန်အတွက် ယေရောဗောင်သွန်းလုပ် ထားသောနွားသငယ်ရုပ်များရှိ၏။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 13
Cross References
1 Kings 12:29ထို့နောက်ရွှေနွားလားဥသဘရုပ်တစ်ကောင် ကိုဗေသလမြို့၌လည်းကောင်း၊ အခြားတစ် ကောင်ကိုဒန်မြို့၌လည်းကောင်းထားတော်မူ၏။-
2 Chronicles 9:8အဆွေတော်၏ဘုရားသခင်ထာဝရဘုရား အားထောမနာပြုကြပါစေသတည်း။ ကိုယ် တော်သည်အဆွေတော်ကိုလွန်စွာနှစ်သက် မြတ်နိုးတော်မူသည်ဖြစ်၍ မိမိ၏ကိုယ်စား အုပ်စိုးနိုင်ရန်ဣသရေလဘုရင်အဖြစ်ချီး မြှောက်တော်မူပြီ။ ကိုယ်တော်သည်မိမိလူမျိုး တော်ဣသရေလအမျိုးသားတို့အားချစ် တော်မူ၍ထာဝစဉ်စောင့်ရှောက်တော်မူလို သဖြင့်တရားဥပဒေစိုးမိုးမှုနှင့်တရား မျှတမှုရှိနိုင်စေရန်အဆွေတော်အား သူတို့၏ဘုရင်အဖြစ်ဖြင့်ချီးမြှောက် တော်မူပြီ'' ဟုပြော၏။
2 Chronicles 14:9ဆူဒန်အမျိုးသားဇေရဆိုသူသည်စစ်သည် တစ်သန်း၊ စစ်ရထားသုံးရာဖြင့်ယုဒပြည် သို့ချင်းနင်းဝင်ရောက်ကာမရေရှမြို့တိုင် အောင်ချီတက်လာလေသည်။-
2 Chronicles 20:12ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားဖြစ်တော်မူ ပါ၏။ အကျွန်ုပ်တို့သည်ယခုတိုက်ခိုက်ရန်ရောက် ရှိလာသောတပ်မတော်ကြီး၏ရှေ့တွင်ခိုကိုးရာ မဲ့ဖြစ်လျက်နေကြပါ၏။ အဘယ်သို့ပြုရမည် ကိုအကျွန်ုပ်တို့မသိကြပါ။ သို့ရာတွင်ကူမ တော်မူရန်အထံတော်သို့မျှော်ကြည့်ကြပါ၏'' ဟုအသံကျယ်စွာဆုတောင်းပတ္ထနာပြုတော် မူ၏။
Psalms 33:16ရှင်ဘုရင်မည်သည်မှာမိမိ၏ကြီးမားသော စစ်သည်အလုံးအရင်းကြောင့်စစ်ပွဲတွင် အနိုင်ရသည်မဟုတ်။ စစ်သားသည်လည်းမိမိ၏ခွန်အားဗလကြောင့် အနိုင်ရသည်မဟုတ်။
Isaiah 9:6ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။