ရာဇဝင်ချုပ်ပထမစောင် 13:9
သင်တို့သည်အာရုန်၏အဆက်အနွယ်ယဇ် ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များကို နှင်ထုတ်ကာ သူတို့၏နေရာတွင်လူမျိုးခြား တို့၏ဋ္ဌလေ့ကိုလိုက်၍အခြားသူတို့အား ယဇ်ပုရောဟိတ်ခန့်ထားကြ၏။ မည်သူမဆို နွားတစ်ကောင်သို့မဟုတ်သိုးခုနစ်ကောင်ကို ယူဆောင်လာလျှင်သင်တို့ကိုးကွယ်သော နာမည်ခံဘုရားများ၏ယဇ်ပုရောဟိတ် အရာကိုရရှိနိုင်ပါသည်တကား။
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 13
Cross References
Exodus 29:35``ငါမိန့်မှာသည့်အတိုင်းအာရုန်နှင့်သူ၏ သားတို့အား ယဇ်ပုရောဟိတ်အရာခံယူ စေသည့်မင်္ဂလာကိုခုနစ်ရက်ပတ်လုံးကျင်းပ ရမည်။-
Leviticus 8:2``အာရုန်နှင့်သူ၏သားတို့ကိုငါစံတော်မူရာ တဲတော်တံခါးဝသို့ခေါ်ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်ဝတ်စုံများ၊ သိက္ခာတင်ဆီ၊ အပြစ်ဖြေ ရာယဇ်အတွက်နွားပျိုတစ်ကောင်၊ သိုးထီးနှစ် ကောင်၊ တဆေးမဲ့မုန့်တစ်တောင်းကိုယူခဲ့လော့။-
Deuteronomy 32:17သူတို့သည်ဘိုးဘေးတို့မကိုးကွယ်ခဲ့ဘူးသော ဣသရေလလူမျိုးမဆည်းကပ်ခဲ့ဘူးသော၊ ဘုရားသစ်များအားယဇ်ပူဇော်ကြ၏။
1 Kings 13:33ဣသရေလဘုရင်ယေရောဗောင်သည်ယခုတိုင် အောင်ပင် မိမိ၏ဒုစရိုက်လမ်းစဉ်ကိုမစွန့်သေး ဘဲ မိမိတည်ဆောက်ထားသည့်ယဇ်ပလ္လင်များတွင် အမှုထမ်းရန် ယဇ်ပုရောဟိတ်များအဖြစ်သာမန် အိမ်ထောင်စုများမှရွေးချယ်ခန့်ထားလေ့ရှိ၏။ သူ သည်ယဇ်ပုရောဟိတ်လုပ်လိုသူမှန်သမျှကို ခန့်ထားလေသည်။-
1 Chronicles 29:5နှင့်လက်မှုပညာသည်တို့ပြုလုပ်ရန်ရှိသမျှ သောဝတ္ထုပစ္စည်းများ ငွေစင်အချိန်နှစ်ရာခြောက် ဆယ့်ငါးတန်ကိုလည်းပေးလှူခဲ့လေပြီ။ ယနေ့ အဘယ်သူသည်ထာဝရဘုရားအားရက်ရော စွာပေးလှူလိုပါသနည်း'' ဟုမိန့်တော်မူ၏။
Jeremiah 2:11မိမိတို့၏ဘုရားများသည်မစစ်မမှန်သော ဘုရားများပင်ဖြစ်၍နေစေကာမူ အဘယ်လူမျိုးသည်ဘုရားများကိုပြောင်းလဲ ၍ ကိုးကွယ်ပါသနည်း။ သို့ရာတွင်ငါ၏လူမျိုးတော်မူကား မိမိတို့၏ဂုဏ်အသရေကိုဆောင်သည့် ဘုရားသခင်တည်းဟူသော၊ ငါ့အားသူတို့ကိုမကူညီနိုင်သည့်ဘုရား များနှင့် လဲလှယ်လိုက်ကြလေပြီ။