ရာဇဝင်ချုပ်ပထမစောင် 14:13
ထိုသူတို့ကိုအာသနှင့်သူ၏တပ်သားတို့ သည်ဂေရာမြို့တိုင်အောင်လိုက်လံတိုက်ခိုက် ကြလေသည်။ ဆူဒန်အမျိုးသားအမြောက် အမြားကျဆုံးသဖြင့်သူတို့သည်ပြန်လည် တိုက်ခိုက်ရန်စုရုံးနိုင်စွမ်းမရှိကြတော့ချေ။ ထာဝရဘုရားနှင့်ယုဒတပ်မတော်၏လက် တွင်အရေးရှုံးနိမ့်ကြလေ၏။ ယုဒတပ်မ တော်သားတို့သည်လည်းလက်ရပစ္စည်းအမြောက် အမြားကိုသိမ်းယူရရှိကြလေသည်။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 14
Cross References
Genesis 10:1ရေလွှမ်းမိုးပြီးသည့်နောက်နောဧ၏သားများ ဖြစ်ကြသောရှေမ၊ ဟာမနှင့်ယာဖက်တို့မှ ဆင်းသက်သောသားစဉ်မြေးဆက်ကိုဖော်ပြ ပေအံ့။-
Genesis 20:1အာဗြဟံသည်မံရေအရပ်မှခါနာန်ပြည်တောင် ပိုင်းသို့ပြောင်းရွှေ့ခဲ့ပြီးလျှင် ကာဒေရှမြို့နှင့်ရှုရ မြို့စပ်ကြားရှိအရပ်တွင်နေထိုင်လေ၏။ သူသည် ဂေရာမြို့၌နေထိုင်စဉ်၊-
Genesis 35:5ထိုနောက်သူတို့စခန်းသိမ်း၍ထွက်ခွာသွား ကြသောအခါ ပတ်ဝန်းကျင်ရှိမြို့သားတို့ သည်အလွန်ကြောက်ရွံ့ကြသဖြင့် သူတို့ကို လိုက်လံ၍မတိုက်ခိုက်ဝံ့ကြချေ။-
1 Samuel 25:28ကျွန်မပြုမိခဲ့သောအမှားအတွက်အပြစ် လွှတ်တော်မူပါ။ အရှင်သည်ထာဝရဘုရား ၏စစ်ပွဲများကိုဆင်နွှဲလျက်ရှိသဖြင့် ထာဝရ ဘုရားသည်အရှင်နှင့်အရှင့်သားမြေးတို့အား မင်းမြှောက်တော်မူပါလိမ့်မည်။ အရှင်၌လည်း အသက်ထက်ဆုံးဘေးရောက်မည်မဟုတ်ပါ။-
2 Chronicles 14:14ထိုနောက်ဂေရာမြို့အနီးတစ်ဝိုက်ရှိမြို့တို့ သည်ထာဝရဘုရားအားကြောက်လန့်လျက် နေကြသဖြင့် ယုဒတပ်မတော်သားတို့သည် ထိုမြို့များကိုဖြိုဖျက်နိုင်ကြလေသည်။ သူ တို့သည်ထိုမြို့အပေါင်းကိုတိုက်ခိုက်ကြရာ လက်ရပစ္စည်းအမြောက်အမြားကိုသိမ်းယူ ရရှိကြ၏။-
2 Chronicles 20:29ဣသရေလအမျိုးသားများ၏ရန်သူတို့ ကို ထာဝရဘုရားအဘယ်သို့နှိမ်နင်းတော်မူ ကြောင်းကိုကြားသိရသည့်လူမျိုးအပေါင်း တို့သည်ကြောက်လန့်ကြကုန်၏။-