ရာဇဝင်ချုပ်ပထမစောင် 14:7
မင်းကြီးကယုဒပြည်သူတို့အား``မြို့ရိုး များ၊ ပြအိုးများ၊ ကန့်လန့်ကျင်များတပ်ဆင် ထားသည့်မြို့တံခါးများနှင့်ပြည့်စုံသော မြို့များကိုတည်ဆောက်ကြကုန်အံ့။ ငါတို့ သည်ဘုရားသခင်အလိုတော်ကိုလိုက် လျှောက်သည်ဖြစ်၍ ပြည်တော်ကိုထိန်းသိမ်း အုပ်ချုပ်နိုင်ကြပေသည်။ ထာဝရဘုရား ကလည်းငါတို့အားကာကွယ်စောင့်ရှောက် ၍ ပတ်ဝန်းကျင်အရပ်ရပ်တွင်လုံခြုံမှုကို ပေးတော်မူပြီ'' ဟုမိန့်ဆိုသည့်အတိုင်းခံ တပ်မြို့များကိုတည်ဆောက်၍ထမြောက် အောင်မြင်ကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 14
Cross References
Joshua 23:1ကာလအတန်ကြာပြီးနောက်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အား ပတ်ဝန်း ကျင်ရှိရန်သူများ၏ဘေးရန်မှကင်းငြိမ်း စေတော်မူ၏။ ယောရှုသည်လည်းအသက် အရွယ်အလွန်ကြီးရင့်လာပြီ။-
1 Chronicles 28:9ထိုနောက်ရှောလမုန်အား``ငါ့သား၊ သင်သည် မိမိ၏အဖကိုးကွယ်သော ဘုရားသခင်ကို အသိအမှတ်ပြု၍ယုံမှားသံသယမရှိ ဘဲ နူးညွတ်သောစိတ်နှင့်ဝတ်ပြုကိုးကွယ်ရန် ငါသည်သင့်အားတာဝန်ပေးအပ်၏။ ကိုယ်တော် သည်ငါတို့၏အကြံအစည်များနှင့်လိုအင် ဆန္ဒရှိသမျှတို့ကိုသိတော်မူ၏။ သင်သည် အထံတော်သို့ချဉ်းကပ်ပါမူ ကိုယ်တော်သည် သင့်အားနှစ်သက်လက်ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်သည်ကိုယ်တော်အားကျော ခိုင်းမည်ဆိုပါကကိုယ်တော်သည်လည်း သင့်အားအစဉ်အမြဲစွန့်ပစ်တော်မူ ပေအံ့။-
2 Chronicles 14:4ယုဒပြည်သူတို့အားမိမိတို့ဘိုးဘေးများ ၏ ဘုရားသခင်ထာဝရဘုရားအလိုတော် ကိုလိုက်လျှောက်ကြရန်နှင့်ကိုယ်တော်၏ တရားတော်၊ ပညတ်တော်တို့ကိုစောင့်ထိန်း ကြရန်အမိန့်ပေးတော်မူ၏။-
2 Chronicles 17:13ရိက္ခာအမြောက်အမြားသိုလှောင်ရာမြို့ များကိုလည်းကောင်းတည်ဆောက်တော်မူ၏။ မင်းကြီးသည်ယေရုရှလင်မြို့တွင်ထူးချွန် သည့်တပ်မှူးများကို၊-
2 Chronicles 25:5အာမဇိသည်ယုဒနှင့်ဗင်္ယာမိန်အနွယ်ဝင် အပေါင်းတို့အား မိမိတို့သားချင်းစုများ အလိုက်တပ်စုများဖွဲ့၍ လူတစ်ထောင်တပ်မှူး နှင့်လူတစ်ရာတပ်မှူးများကိုခန့်ထားတော် မူ၏။ ထိုတပ်သားများသည်အသက်နှစ်ဆယ် နှင့်အထက်ရှိသူများဖြစ်၍ စုစုပေါင်းသုံး သိန်းရှိလေသည်။ သူတို့သည်လှံနှင့်ဒိုင်းလွှား ကိုင်ဆောင်မှုတွင်ကျွမ်းကျင်၍စစ်ပွဲဝင်ရန် အသင့်ရှိသူလက်ရွေးစင်တပ်သားများ ဖြစ်ကြသတည်း။-
2 Chronicles 32:5မင်းကြီးသည်မြို့တော်ကာကွယ်ရေးအတွက် ခိုင်ခံ့စေရန် မြို့ရိုးများကိုပြန်လည်ပြုပြင် ခြင်း၊ ပြအိုးများကိုဆောက်လုပ်ခြင်း၊ အပြင် မြို့ရိုးတစ်ထပ်ကိုတည်ဆောက်ခြင်းတို့ကို ပြုတော်မူ၏။ ထို့ပြင်ယေရုရှလင်မြို့ဟောင်း အရှေ့ပိုင်း၌ရှိသောမြေကတုတ်များကို ပြုပြင်၍ လှံနှင့်ဒိုင်းလွှားအမြောက်အမြား ကိုပြုလုပ်စေတော်မူ၏။-