ရာဇဝင်ချုပ်ပထမစောင် 15:2
အာဇရိသည်အာသမင်းထံသို့သွားပြီးလျှင်``အို အာသမင်းနှင့်တကွယုဒနှင့်ဗင်္ယာမိန်အနွယ် ဝင်တို့၊ ငါ၏စကားကိုနားထောင်ကြလော့။ သင် တို့သည်ထာဝရဘုရား၏ဘက်၌ရှိနေသမျှ ကာလပတ်လုံး ကိုယ်တော်သည်သင်တို့နှင့်အတူ ရှိတော်မူမည်။ သင်တို့သည်ကိုယ်တော်အားရှာ ကြလျှင် ကိုယ်တော်သည်သင်တို့အားအတွေ့ ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်တို့သည် ကိုယ်တော်အားကျောခိုင်းကြပါကကိုယ် တော်သည်လည်းသင်တို့အားစွန့်ပယ်တော် မူလိမ့်မည်။-
Common Language Bible
In The King James Version
In Context
1ဘုရားသခင်၏ဝိညာဉ်တော်သည် သြဒက် ၏သားအာဇရိအပေါ်သို့သက်ရောက်၍၊-
Read all of ရာဇဝင်ချုပ်ပထမစောင် 15
Cross References
Numbers 14:43သင်တို့သည်အာမလက်အမျိုးသား၊ ခါနာန် အမျိုးသားတို့နှင့်ယှဉ်ပြိုင်တိုက်ခိုက်သောအခါ သင်တို့ကျဆုံးကြလိမ့်မည်။ သင်တို့သည်ထာဝရ ဘုရားကိုစွန့်ပစ်ခြင်းကြောင့် ကိုယ်တော်သည်သင် တို့နှင့်အတူရှိတော်မူမည်မဟုတ်'' ဟုဆို လေ၏။
Deuteronomy 20:1``သင်တို့သည်ရန်သူကိုချီတက်တိုက်ခိုက် ရာ၌ သင်တို့ထက်အင်အားကြီးမားသော ရထားတပ်၊ မြင်းတပ်နှင့်ခြေလျင်တပ်တို့ နှင့်ရင်ဆိုင်ရသောအခါမကြောက်ကြနှင့်။ သင်တို့ကိုအီဂျစ်ပြည်မှကယ်တင်ခဲ့သော ဘုရားသခင်ထာဝရဘုရားသည်သင် တို့နှင့်အတူရှိတော်မူလိမ့်မည်။-
Judges 9:7ဤအခြင်းအရာကိုယောသံကြားသိသော အခါ ဂေရဇိမ်တောင်ထိပ်သို့တက်၍ရပ်ပြီး လျှင် အော်ဟစ်၍ဤသို့ဆို၏။ ``အချင်းရှေခင် မြို့သားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သို့ပြုလျှင်ဘုရားသခင်သည်လည်း သင်တို့ ၏စကားကိုနားထောင်ကောင်းနားထောင် တော်မူလိမ့်မည်။-
1 Samuel 12:14သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေစွာဝတ်ပြုကိုးကွယ် လျက် အမိန့်တော်များကိုမလွန်ဆန်ဘဲစကား တော်ကိုလိုက်နာ၍ သင်တို့၏ဘုရင်နှင့်အတူ ကိုယ်တော်၏ကျေးဇူးသစ္စာတော်ကိုစောင့်ထိန်း ကြလျှင်သင်တို့၏ဘဝသာယာလိမ့်မည်။-
1 Kings 11:25ရေဇုန်သည်လည်းရှောလမုန်အသက်ရှင်သမျှ ကာလပတ်လုံး ဣသရေလလူမျိုးတို့အား ရန်မူလျက်နေ၏။
1 Chronicles 28:9ထိုနောက်ရှောလမုန်အား``ငါ့သား၊ သင်သည် မိမိ၏အဖကိုးကွယ်သော ဘုရားသခင်ကို အသိအမှတ်ပြု၍ယုံမှားသံသယမရှိ ဘဲ နူးညွတ်သောစိတ်နှင့်ဝတ်ပြုကိုးကွယ်ရန် ငါသည်သင့်အားတာဝန်ပေးအပ်၏။ ကိုယ်တော် သည်ငါတို့၏အကြံအစည်များနှင့်လိုအင် ဆန္ဒရှိသမျှတို့ကိုသိတော်မူ၏။ သင်သည် အထံတော်သို့ချဉ်းကပ်ပါမူ ကိုယ်တော်သည် သင့်အားနှစ်သက်လက်ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်သည်ကိုယ်တော်အားကျော ခိုင်းမည်ဆိုပါကကိုယ်တော်သည်လည်း သင့်အားအစဉ်အမြဲစွန့်ပစ်တော်မူ ပေအံ့။-