တောလည်ရာကျမ်း 14:43
သင်တို့သည်အာမလက်အမျိုးသား၊ ခါနာန် အမျိုးသားတို့နှင့်ယှဉ်ပြိုင်တိုက်ခိုက်သောအခါ သင်တို့ကျဆုံးကြလိမ့်မည်။ သင်တို့သည်ထာဝရ ဘုရားကိုစွန့်ပစ်ခြင်းကြောင့် ကိုယ်တော်သည်သင် တို့နှင့်အတူရှိတော်မူမည်မဟုတ်'' ဟုဆို လေ၏။
Common Language Bible
In The King James Version
In Context
Cross References
Numbers 13:29အာမလက်အမျိုးသားတို့သည်ထိုပြည်၏ တောင်ပိုင်းတွင်နေထိုင်၍ ဟိတ္တိအမျိုးသား၊ ယေဗုသိအမျိုးသား၊ အာမောရိအမျိုးသား တို့သည်တောင်ကုန်းများပေါ်၌လည်းကောင်း၊ ခါနာန်အမျိုးသားတို့သည်မြေထဲပင် လယ်ကမ်းခြေနှင့်ယော်ဒန်မြစ်ဝှမ်းတစ် လျှောက်၌လည်းနေထိုင်ကြပါသည်'' ဟု ဆိုကြ၏။
Deuteronomy 28:25``ထာဝရဘုရားသည်သင်တို့၏ရန်သူ များအားအောင်ပွဲခံစေမည်။ သင်တို့သည် ရန်သူအားလမ်းတစ်လမ်းတည်းဖြင့်တိုက် ခိုက်ကြလျက် စစ်ရှုံးသဖြင့်လမ်းအသွယ် သွယ်ဖြင့်ထွက်ပြေးရကြလိမ့်မည်။-
Joshua 22:15သူတို့သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင် နှင့်အရှေ့မနာရှေအနွယ်ဝင်တို့ရှိရာ ဂိလဒ်ပြည်သို့ရောက်ရှိလာကြ၍၊-
1 Chronicles 28:9ထိုနောက်ရှောလမုန်အား``ငါ့သား၊ သင်သည် မိမိ၏အဖကိုးကွယ်သော ဘုရားသခင်ကို အသိအမှတ်ပြု၍ယုံမှားသံသယမရှိ ဘဲ နူးညွတ်သောစိတ်နှင့်ဝတ်ပြုကိုးကွယ်ရန် ငါသည်သင့်အားတာဝန်ပေးအပ်၏။ ကိုယ်တော် သည်ငါတို့၏အကြံအစည်များနှင့်လိုအင် ဆန္ဒရှိသမျှတို့ကိုသိတော်မူ၏။ သင်သည် အထံတော်သို့ချဉ်းကပ်ပါမူ ကိုယ်တော်သည် သင့်အားနှစ်သက်လက်ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်သည်ကိုယ်တော်အားကျော ခိုင်းမည်ဆိုပါကကိုယ်တော်သည်လည်း သင့်အားအစဉ်အမြဲစွန့်ပစ်တော်မူ ပေအံ့။-
Psalms 44:10ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ရန်သူများထံမှထွက်ပြေးစေတော်မူပါ၏။ သူတို့သည်လည်းကျွန်တော်မျိုးတို့၏ ပစ္စည်းဥစ္စာများကိုအပိုင်သိမ်းယူကြပါ၏။
Hosea 9:12အကယ်၍သူတို့သည်သားသမီးများ ကိုပြုစုကြီးပြင်းလာစေကြသည့်တိုင် အောင်ငါသည်ထိုကလေးများကိုရုပ် သိမ်း၍တစ်ယောက်ကိုမျှအသက်ရှင်စေ မည်မဟုတ်။ ငါသည်သူတို့ကိုစွန့်ပစ် သောအခါသူတို့သည်ကြောက်မက်ဖွယ် ဘေးဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်'' ဟု မိန့်တော်မူ၏။