ရာဇဝင်ချုပ်ပထမစောင် 18:7
အာဟပ်က``အခြားပရောဖတ်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော။ အဆိုး ကိုသာလျှင်အစဉ်ဟောတတ်သဖြင့်သူ့ ကိုကျွန်ုပ်မုန်းပါ၏'' ဟုပြန်ပြောလေသည်။ ထိုအခါယောရှဖတ်က``အဆွေတော်ဤသို့ မပြောသင့်ပါ'' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 18
Cross References
1 Kings 18:17ဧလိယကိုမြင်သောအခါအာဟပ်က``ဣသ ရေလပြည်တွင်ဒုက္ခပေးသူကိုယခုငါတွေ့ ပြီ'' ဟုဆို၏။
1 Kings 20:42ပရောဖက်ကလည်း``ထာဝရဘုရားက`ရန်သူ ကိုသတ်ရန် ငါအမိန့်ပေးထားသော်လည်းသူ့ ကိုလွှတ်ပစ်လိုက်သည့်အတွက် ထိုသူ၏အသက် အစားသင်၏အသက်ကိုပေးလျော်ရမည်။ သင် ၏တပ်မတော်သည်လည်းထိုရန်သူ၏တပ်မ တော်ကိုထွက်ပြေးခွင့်ပြုသည့်အတွက် သုတ် သင်ဖျက်ဆီးခြင်းကိုခံရမည်' ဟုမိန့်တော် မူပါ၏'' ဟုမင်းကြီးအားဆင့်ဆိုပါ၏။
2 Kings 9:22ယောရံက``သင်သည်ငြိမ်းချမ်းစွာလာ သလော'' ဟုမေးတော်မူ၏။ ယေဟုက``သင်၏မိခင်ယေဇဗေလစတင် ကျင့်သုံးခဲ့သည့် စုန်းအတတ်နှင့်ရုပ်တုကိုး ကွယ်မှုရှိနေသမျှကာလပတ်လုံး အဘယ် မှာငြိမ်းချမ်းမှုရှိနိုင်ပါမည်နည်း'' ဟုဆို၏။
Psalms 34:21သူယုတ်မာတို့သည်မိမိတို့၏အပြစ်ဒုစရိုက် ကြောင့် အသက်ဆုံးကြရလိမ့်မည်။ သူတော်ကောင်းကိုမုန်းသောသူတို့သည် အပြစ်ဒဏ်သင့်ကြလိမ့်မည်။
Psalms 69:14ရွှံ့နွံတွင်မကျွံမနစ်စေရန်ကျွန်တော်မျိုးအား ကယ်တော်မူပါ။ ရန်သူများ၏ဘေးမှလည်းကောင်း၊ ရေနက်ရာမှလည်းကောင်းကယ်ဆယ်တော်မူပါ။
Proverbs 25:12နားထောင်တတ်သောသူကို လျောက်ပတ်စွာ ဆုံးမတတ်သော သူသည် ရွှေနားတောင်းကဲ့သို့၎င်း၊ ရွှေစင်တန်ဆာကဲ့သို့၎င်း ဖြစ်၏။