ရာဇဝင်ချုပ်ပထမစောင် 19:7
ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍သတိ နှင့်ဆောင်ရွက်ကြလော့။ အဘယ်ကြောင့်ဆိုသော် ငါတို့ဘုရားသခင်ထာဝရဘုရားသည် လိမ်လည်ကောက်ကျစ်မှု၊ လူမျက်နှာကိုထောက် မှု၊ တံစိုးလက်ဆောင်စားမှုတို့ကိုခွင့်ပြုတော် မမူသောကြောင့်ဖြစ်၏'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 19
Cross References
Genesis 42:18တတိယနေ့၌ ယောသပ်ကသူတို့အား``ငါ ဘုရားကိုကြောက်ရွံ့ရိုသေသောသူဖြစ်၏။ သင် တို့အသက်ချမ်းသာစေရန် ဤသို့ပြုလုပ်လော့။-
Exodus 18:25သူသည်ဣသရေလအမျိုးသားအပေါင်း တို့အထဲမှ အရည်အချင်းပြည့်စုံသူတို့ကို ရွေး၍လူတစ်ထောင်စု၊ တစ်ရာစု၊ ငါးဆယ်စု၊ တစ်ဆယ်စုတို့တွင်ခေါင်းဆောင်များအဖြစ် ခန့်ထားလေ၏။-
Deuteronomy 10:17သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဘုရားအပေါင်းတို့နှင့်အရှင်သခင်အပေါင်း တို့၏အထွတ်အထိပ်ဖြစ်တော်မူ၏။ ထာဝရ ဘုရားသည်ကြီးမြတ်၍တန်ခိုးတော်နှင့်ပြည့် စုံသောဘုရား၊ ကြောက်ရွံ့ရိုသေဖွယ်သော ဘုရားဖြစ်တော်မူ၏။ လူကဲ့သို့မျက်နှာ လိုက်ခြင်းတံစိုးလက်ဆောင်စားခြင်းရှိတော် မမူ။-
Deuteronomy 32:4``ထာဝရဘုရားသည်သင်တို့ကိုကာကွယ် တော်မူသော အရှင်ဖြစ်တော်မူ၏။ အမှုတော်ခပ်သိမ်းတို့သည်စုံလင်၍ တရားမျှတပေ၏။ သင်တို့၏ဘုရားသခင်သည်သစ္စာတည်သောဘုရား၊ ဖြောင့်မတ်မှန်ကန်သောဘုရားဖြစ်တော်မူ၏။
Nehemiah 5:15ငါ၏အလျင်ဘုရင်ခံလုပ်ခဲ့သူတို့သည် ပြည်သူတို့အားဝန်လေးစေခဲ့ကြ၏။ သူ တို့ထံမှရိက္ခာနှင့်စပျစ်ရည်အတွက်တစ် နေ့လျှင် ငွေဒင်္ဂါးလေးဆယ်တောင်းယူခဲ့ ကြလေသည်။ ထိုဘုရင်ခံတို့၏အစေ အပါးများသည်ပင်လျှင်ပြည်သူတို့အား ညှဉ်းပန်းနှိပ်စက်ခဲ့ကြ၏။ ငါမူကား ဘုရားသခင်အားကြောက်ရွံ့ရိုသေသူ ဖြစ်သဖြင့်ထိုသို့မပြု။-
Job 13:10သင်တို့သည် လျှို့ဝှက်၍ သူ့မျက်နှာကို ထောက်လျှင်၊ စင်စစ်သင်တို့ကို ဆုံးမတော်မူမည်။