ရာဇဝင်ချုပ်ပထမစောင် 20:9
စစ်မက်ဘေး၊ ကူးစက်တတ်သောရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးအစရှိသော ကြီးမားသည့် အဘယ်ဘေးအန္တရာယ်မဆို ကျရောက်လာချိန်၌ သူတို့သည်ကိုယ်တော်အား ကိုးကွယ်ဝတ်ပြုရာ ဤဗိမာန်တော်ရှေ့သို့လာ ၍ရပ်လျက်ပတ္ထနာပြုသောအခါ ကိုယ်တော် သည်နားညောင်း၍သူတို့အားကယ်ဆယ် တော်မူမည်ဟုယုံကြည်ကြပါ၏။''
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 20
Cross References
Exodus 23:21သူ့ကိုရိုသေလေးစား၍သူ့စကားကိုနားထောင် လော့။ သူ့ကိုငါစေလွှတ်သောကြောင့်သူ့ကိုမပုန် ကန်နှင့်။ သူသည်ထိုသို့သောပုန်ကန်မှုကိုခွင့် လွှတ်လိမ့်မည်မဟုတ်။-
1 Kings 8:33``ကိုယ်တော်၏လူမျိုးတော်ဣသရေလအမျိုးသား တို့သည် ကိုယ်တော်ကိုပြစ်မှားသည့်အတွက်ရန်သူ့ လက်တွင်အရေးရှုံးနိမ့်ကြသောအခါ ဤဗိမာန် တော်သို့လာ၍၊ မိမိတို့၏အပြစ်များကိုဖြေလွှတ် တော်မူရန် နှိမ့်ချသောစိတ်နှင့်အထံတော်သို့ဆု တောင်းပတ္ထနာပြုကြလျှင်၊-
2 Chronicles 6:5`သူတို့ကိုအီဂျစ်ပြည်ကထုတ်ဆောင်ခဲ့ချိန် မှအစပြု၍ယနေ့တိုင်အောင် ငါသည်အဘယ် ဣသရေလမြို့ကိုမျှငါ့အားဝတ်ပြုကိုးကွယ် ရာဌာနအဖြစ်ဖြင့်ရွေးချယ်သတ်မှတ်ခဲ့ဖူး သည်မရှိ။ အဘယ်သူကိုမျှလည်းငါ၏လူ မျိုးတော်ဣသရေလအမျိုးသားတို့အား ခေါင်းဆောင်ရန်မရွေးမချယ်ခဲ့။-
2 Chronicles 6:28``ပြည်တော်တွင်အစာငတ်မွတ်ခေါင်းပါး သောအခါ၊ အနာရောဂါဘေးဆိုက်သော အခါ၊ ကောက်ပဲသီးနှံတို့သည်လေပူမိခြင်း၊ ပိုးထိခြင်းသို့မဟုတ်ကျိုင်းကောင်အုပ်ကျ ခြင်းတို့ကြောင့်ပျက်စီးသွားသောအခါ၊ ကိုယ်တော်၏လူမျိုးတော်အားရန်သူတို့ တိုက်ခိုက်ကြသောအခါ၊ သူတို့တွင်ဘေး ဥပဒ်၊ အနာရောဂါတစ်စုံတစ်ရာကပ် ရောက်သောအခါ၊-
Ezra 10:1ဧဇရသည်ဗိမာန်တော်ရှေ့တွင်ခေါင်းငုံ့လျက် ငိုကြွေးကာ ဤအပြစ်များကိုဖော်ပြဝန်ခံ လျက်ဆုတောင်းပတ္ထနာပြုနေစဉ် ဣသရေလ အမျိုးသား၊ အမျိုးသမီးနှင့်ကလေးပါ ဝင်သောလူအုပ်ကြီးသည်ငိုကြွေးလျက် သူ့ထံစုရုံးကြကုန်၏။-
Matthew 18:20အဘယ်ကြောင့်ဆိုသော်လူနှစ်ယောက်သုံးယောက် တို့သည်ငါ့နာမကိုအမှီပြု၍စုဝေးလျှင် စု ဝေးရာတွင်သူတို့နှင့်အတူငါရှိမည်ဖြစ် သောကြောင့်တည်း။