ရာဇဝင်ချုပ်ပထမစောင် 6:28
``ပြည်တော်တွင်အစာငတ်မွတ်ခေါင်းပါး သောအခါ၊ အနာရောဂါဘေးဆိုက်သော အခါ၊ ကောက်ပဲသီးနှံတို့သည်လေပူမိခြင်း၊ ပိုးထိခြင်းသို့မဟုတ်ကျိုင်းကောင်အုပ်ကျ ခြင်းတို့ကြောင့်ပျက်စီးသွားသောအခါ၊ ကိုယ်တော်၏လူမျိုးတော်အားရန်သူတို့ တိုက်ခိုက်ကြသောအခါ၊ သူတို့တွင်ဘေး ဥပဒ်၊ အနာရောဂါတစ်စုံတစ်ရာကပ် ရောက်သောအခါ၊-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 6
Cross References
Leviticus 26:16ငါသည်သင်တို့အားဒဏ်ခတ်မည်။ ကုသ၍မရ နိုင်သောရောဂါဝေဒနာကိုလည်းကောင်း၊ မျက်စိ ကွယ်ခြင်း၊ အားအင်ကုန်ခန်းခြင်းကိုဖြစ်စေ သောရောဂါဝေဒနာကိုလည်းကောင်း သင်တို့ အားခံစားစေမည်။ သင်တို့သည်အသီးအနှံ များကိုစိုက်ပျိုးသော်လည်း အကျိုးကျေးဇူး ခံစားရမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူများသည် သင်တို့ကိုတိုက် ခိုက်အောင်မြင်၍သင်တို့စိုက်ပျိုးသော အသီးအနှံများကိုစားကြမည်ဖြစ် သောကြောင့်တည်း။-
Deuteronomy 28:21သင်တို့တွင်ကပ်ရောဂါတစ်မျိုးနောက်တစ်မျိုး ကျရောက်သဖြင့် သင်တို့ဝင်ရောက်သိမ်းယူ မည့်ပြည်၌တစ်ယောက်မကျန်သေကြေ ပျက်စီးရလိမ့်မည်။-
1 Kings 8:37``ပြည်တော်တွင် အစာငတ်မွတ်ခေါင်းပါးသော အခါ၌သော်လည်းကောင်း၊ အနာရောဂါဘေး ဆိုက်သောအခါ၌သော်လည်းကောင်း၊ ကောက်ပဲ သီးနှံတို့သည်လေပူမိခြင်း၊ ပိုးထိခြင်းသို့ မဟုတ်ကျိုင်းကောင်အုပ်ကျခြင်းတို့ကြောင့် ပျက်စီး၍သွားသောအခါ၌သော်လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်အားရန်သူတို့တိုက် ခိုက်ကြသောအခါ၌သော်လည်းကောင်း၊ သူတို့ တွင်ဘေးဥပဒ်၊ အနာရောဂါတစ်စုံတစ်ခု ရောက်သောအခါ၌သော်လည်းကောင်း၊-
2 Kings 8:1ဧလိရှဲသည်မိမိအသက်ပြန်၍ရှင်စေခဲ့ သည့်ကလေး၏မိခင်၊ ရှုနင်မြို့သူအား``ထာဝရ ဘုရားသည်ခုနစ်နှစ်တိုင်တိုင်တစ်ပြည်လုံးတွင် အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက် စေတော်မူလိမ့်မည်။ သို့ဖြစ်၍သင်သည်သင်၏ မိသားစုနှင့်အတူ အရပ်တစ်ပါးသို့ပြောင်း ရွှေ့နေထိုင်ပါလော့'' ဟုပြောကြားခဲ့၏။-
2 Chronicles 12:2သစ္စာတော်ကိုဖောက်သောကြောင့်ရောဗောင်နန်းစံ ပထမနှစ်၌ အီဂျစ်ဘုရင်ရှိရှက်သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်လေသည်။-
2 Chronicles 32:1ဤသို့ဟေဇကိသည်ထာဝရဘုရားအား သစ္စာနှင့်ဆည်းကပ်ကိုးကွယ်လျက်နေသည့် နောက်ပိုင်း၌ အာရှုရိဧကရာဇ်သနာခရိပ် သည် ယုဒပြည်သို့ချင်းနင်းဝင်ရောက်လာ လေသည်။ သူသည်တံတိုင်းကာရံထားသည့် မြို့များကိုဝိုင်းရံတိုက်ခိုက်ကာ မြို့ရိုးများ ကိုချိုးဖောက်ဝင်ရောက်ရန်မိမိ၏တပ်မ တော်အားအမိန့်ပေးတော်မူ၏။-