ရာဇဝင်ချုပ်ပထမစောင် 21:19
ထိုရောဂါသည်နှစ်နှစ်နီးပါးမျှတစ်နေ့ တစ်ခြားပိုမိုဆိုးရွားလာပြီးလျှင် နောက်ဆုံး ၌မင်းကြီးသည်ပြင်းပြသောဝေဒနာနှင့် ကွယ်လွန်လေ၏။ ပြည်သူတို့သည်သူ၏ဘိုး ဘေးတို့အတွက်မီးပုံပွဲများပြုသကဲ့သို့ သူ့အတွက်မပြုကြ။
Common Language Bible
In The King James Version
In Context
18ဤအမှုအရာများဖြစ်ပျက်ပြီးနောက် ထာဝရဘုရားသည်မင်းကြီးအားအူ နာစွဲကပ်စေတော်မူ၏။-
Read all of ရာဇဝင်ချုပ်ပထမစောင် 21
Cross References
2 Chronicles 16:14ဒါဝိဒ်မြို့တွင်သူ၏အတွက်ပြုလုပ်ထား သည့်ကျောက်ဂူတွင်သင်္ဂြိုဟ်ကြ၏။ ပြည်သူတို့ သည်သင်္ဂြိုဟ်ရန်အတွက်မင်းကြီး၏အလောင်း ကို နံ့သာမျိုးများ၊ ဆီမွှေးများနှင့်မွမ်းမံ ပြင်ဆင်ကြပြီလျှင်ဝမ်းနည်းကြေကွဲသည့် အထိမ်းအမှတ်ဖြင့်မီးပုံပွဲကြီးကို ကျင်းပကြလေသည်။
Jeremiah 34:5အေးချမ်းစွာသေရလိမ့်မည်။ လူတို့သည် သင်၏ဘိုးဘေးများအတွက် နံ့သာပေါင်း ကိုမီးရှို့ခဲ့ကြသည့်နည်းတူ သင်၏အတွက် လည်းနံ့သာပေါင်းကိုမီးရှို့ကြလိမ့်မည်။ သူ တို့သည်`ငါတို့ဘုရင်ကွယ်လွန်ပြီ' ဟုဆို၍ သင်၏အတွက်ငိုကြွေးမြည်တမ်းကြလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟူ၍မိန့်တော်မူ၏။