ရာဇဝင်ချုပ်ပထမစောင် 26:7
သူ့အားဘုရားသခင်သည်ဖိလိတ္တိအမျိုးသား များ၊ ဂုရဗာလမြို့တွင်နေထိုင်သောအာရပ် အမျိုးသားများ၊ မဟုနိမ်အမျိုးသားများ ကိုနှိမ်နင်းရန်ကူမတော်မူသည်။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 26
Cross References
1 Chronicles 5:22ဤစစ်ပွဲသည်ဘုရားသခင်၏အလိုတော် အရဖြစ်သဖြင့် ရန်သူအများအပြား သေကြကုန်၏။ ထိုနောက်ဣသရေလ အမျိုးသားတို့သည်ပြည်နှင်ဒဏ်ခံရ ချိန်မတိုင်မီ ထိုပြည်တွင်ဆက်လက်နေ ထိုင်ကြ၏။
2 Chronicles 14:10ထိုအခါအာသသည်ထိုသူအားတိုက်ခိုက် ရန်ထွက်လာပြီးလျှင် ဇေဖသချိုင့်ဝှမ်းတွင် နေရာယူ၍၊-
2 Chronicles 17:11ဖိလိတ္တိအမျိုးသားအချို့တို့သည်ယော ရှဖတ်ထံသို့ ငွေအမြောက်အမြားနှင့် အခြားလက်ဆောင်ပဏ္ဏာများကိုယူဆောင် လာကြ၏။ အာရပ်အမျိုးသားအချို့တို့ ကလည်းသိုးအကောင်ရေခုနစ်ထောင့်ခုနစ် ရာနှင့် ဆိတ်အကောင်ရေခုနစ်ထောင့်ခုနစ်ရာ ကိုယူဆောင်လာလေသည်။-
2 Chronicles 21:16ပင်လယ်ကမ်းခြေတွင်အခြေစိုက်နေထိုင် ကြသောဆူဒန်အမျိုးသားတို့အနီးတွင် ဖိလိတ္တိအမျိုးသားနှင့်အာရပ်အမျိုးသား အချို့တို့သည်နေထိုင်ကြ၏။ ထာဝရဘုရား သည်ဤသူတို့ကိုယဟောရံအားတိုက် ခိုက်စေတော်မူ၏။-
Psalms 18:29ရန်သူများကိုတိုက်ခိုက်ရန်ခွန်အားကို လည်းကောင်း၊ သူတို့၏တပ်များကိုဖြိုခွင်းရန် တန်ခိုးကိုလည်းကောင်း၊ ကျွန်တော်မျိုးအားပေးတော်မူပါ၏။
Isaiah 14:29အို ဖိလိတ္တိအမျိုးသားတို့၊ သင်တို့အားရိုက် နှက်သည့်တုတ်သည်ကျိုး၍သွားပြီဖြစ်သော် လည်းသင်တို့ဝမ်းမြောက်ကြရန်အကြောင်း မရှိ။ မြွေတစ်ကောင်သေသောအခါထိုမြွေ ထက်ဆိုးသည့်အခြားမြွေတစ်ကောင်ပေါက် ၍လာလိမ့်မည်။ မြွေဥမှအဆိပ်ပြင်းသော နဂါးပျံပေါက်ဖွားလာတတ်ပါသည် တကား။-