ရာဇဝင်ချုပ်ပထမစောင် 28:5
အာခတ်သည်အပြစ်ပြုသဖြင့်ထာဝရဘုရား သည် ရှုရိဘုရင်အားသူ့ကိုနှိမ်နင်း၍ ယုဒပြည် သူအမြောက်အမြားကိုသုံ့ပန်းများအဖြစ် ဖြင့် ဒမာသက်မြို့သို့သိမ်းသွားခွင့်ပေးတော် မူ၏။ ထာဝရဘုရားသည်ရေမလိ၏သား၊ ဣသရေလဘုရင်ပေကာအားအာခတ်ကို နှိမ်နင်း၍တစ်နေ့ချင်းတွင် ယုဒတပ်သား တစ်သိန်းနှစ်သောင်းကိုလည်းသတ်ဖြတ်ခွင့် ပေးတော်မူ၏။ သူတို့သည်မိမိတို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရား အားစွန့်ပစ်ကြသဖြင့် ကိုယ်တော်သည် ဤသို့ဖြစ်ပျက်စေတော်မူခြင်းဖြစ် သတည်း။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 28
Cross References
2 Kings 16:5ရှုရိဘုရင်ရေဇိန်နှင့်ဣသရေလဘုရင်ပေကာ တို့သည် စစ်ချီ၍ယေရုရှလင်မြို့ကိုဝိုင်းရံ ထားကြသော်လည်း အာခတ်မင်းကိုမနှိမ်နင်း နိုင်ကြ။-
2 Chronicles 29:9ငါတို့၏ဖခင်များသည်စစ်ပွဲတွင်ကျဆုံး ခဲ့ကြ၍ ငါတို့သားမယားများသည်ဖမ်း ဆီးခေါ်ဆောင်သွားခြင်းကိုခံရကြလေ သည်။
2 Chronicles 36:5ယောယကိမ်သည်အသက်နှစ်ဆယ့်ငါးနှစ် ရှိသောအခါယုဒပြည်ဘုရင်အဖြစ်နန်း တက်၍ ယေရုရှလင်မြို့၌တစ်ဆယ့်တစ်နှစ် နန်းစံရလေသည်။ သူသည်မိမိ၏ဘုရားသခင်ထာဝရဘုရားကိုပြစ်မှား၏။-
Isaiah 7:1ယုဒပြည်တွင် သြဇိ၏မြေး၊ ယောသံ၏သား၊ အာခတ်နန်းစံစဉ်အခါစစ်ဖြစ်လေသည်။ ရှုရိ ဘုရင်ရေဇိန်နှင့်ဣသရေလဘုရင်ရေမလိ ၏သားပေကာတို့သည် ယေရုရှလင်မြို့ကို တိုက်ခိုက်ကြသော်လည်းထိုမြို့ကိုသိမ်းယူ နိုင်စွမ်းမရှိကြ။