The Bible Software
bible.software › Isaiah › Isaiah 7 › Isaiah 7:1

Isaiah 7:1

ယု​ဒ​ပြည်​တွင် သြ​ဇိ​၏​မြေး၊ ယော​သံ​၏​သား၊ အာ​ခတ်​နန်း​စံ​စဉ်​အ​ခါ​စစ်​ဖြစ်​လေ​သည်။ ရှု​ရိ ဘု​ရင်​ရေ​ဇိန်​နှင့်​ဣ​သ​ရေ​လ​ဘု​ရင်​ရေ​မ​လိ ၏​သား​ပေ​ကာ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​ခိုက်​ကြ​သော်​လည်း​ထို​မြို့​ကို​သိမ်း​ယူ နိုင်​စွမ်း​မ​ရှိ​ကြ။

Common Language Bible

In The King James Version

And it came to pass in the days of Ahaz the son of Jotham, the son of Uzziah, king of Judah, that Rezin the king of Syria, and Pekah the son of Remaliah, king of Israel, went up toward Jerusalem to war against it, but could not prevail against it.

In Context

2ရှု​ရိ​တပ်​များ​သည် ဣ​သ​ရေ​လ​နယ်​မြေ​အ​တွင်း သို့​ရောက်​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း ယု​ဒ​ဘု​ရင်​ကြား သိ​ရ​သော​အ​ခါ သူ​နှင့်​တ​ကွ​သူ​၏​ပြည်​သူ အ​ပေါင်း​သည်​လွန်​စွာ​ထိတ်​လန့်​ကြ​ကုန်​၏။ လေ တိုက်​၍​လှုပ်​သော​သစ်​ရွက်​များ​ကဲ့​သို့ သူ​တို့ ၏​စိတ်​နှ​လုံး​သည်​တုန်​လှုပ်​လျက်​နေ​ကုန်​၏။

Read all of Isaiah 7

Cross References

2 Kings 15:27ယု​ဒ​ဘု​ရင်​သြဇိ​၏​နန်း​စံ​ငါး​ဆယ့်​နှစ်​နှစ် မြောက်​၌ ရေ​မ​လိ​၏​သား​ပေ​ကာ​သည် ဣ​သ​ရေ လ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍​ရှ​မာ​ရိ​မြို့​၌ အ​နှစ်​နှစ်​ဆယ်​နန်း​စံ​လေ​သည်။-

2 Kings 16:1ရေ​မ​လိ​၏​သား​ပေ​ကာ​၏ နန်း​စံ​တစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​၌​ယော​သံ​၏​သား​အာ​ခတ်​သည်၊ အ သက်​နှစ်​ဆယ်​ရှိ​သော​အ​ခါ​ယု​ဒ​ပြည်​ဘု​ရင် အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​တစ်​ဆယ့် ခြောက်​နှစ်​နန်း​စံ​ရ​၏။ သူ​သည်​မိ​မိ​၏​ဘေး​တော် ဒါ​ဝိဒ်​မင်း​၏​စံ​န​မူ​နာ​ကောင်း​ကို​မ​ယူ​ဘဲ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မ​မူ​သည့် အ​မှု​တို့​ကို​ပြု​၍၊-

2 Chronicles 28:1အာ​ခတ်​သည်​အ​သက်​နှစ်​ဆယ်​၌​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခြောက်​နှစ်​နန်း စံ​ရ​လေ​သည်။ သူ​သည်​ဘေး​တော်​ဒါ​ဝိဒ်​မင်း ၏​ကောင်း​သော​စံ​န​မူ​နာ​ကို​မ​လိုက်​ဘဲ ထာ​ဝ​ရ​ဘု​ရား​မ​နှစ်​သက်​သော​အ​မှု​တို့ ကို​ပြု​၍၊-

Psalms 83:3သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား တိုက်​ခိုက်​ရန်​လျှို့​ဝှက်​ကြံ​စည်​လျက်​နေ​ကြ ပါ​၏။ ကိုယ်​တော်​ရှင်​ကွယ်​ကာ​ထား​တော်​မူ​သော သူ​တို့​အား​ဆန့်​ကျင်​ရန်​တိုင်​ပင်​လျက်​နေ ကြ​ပါ​၏။

Isaiah 7:4သူ့​အား​သ​တိ​ရှိ​မှု၊ တည်​ငြိမ်​မှု​ရှိ​ရန်​နှင့်​ထိတ် လန့်​မှု​နှင့်​စိတ်​အ​နှောက်​အ​ယှက်​မ​ဖြစ်​ရန် ကို​ပြော​ကြား​လော့။ ရေ​ဇိန်​မင်း​နှင့်​တ​ကွ ရှု​ရိ​ပြည်​သူ​တို့​၏​အ​မျက်​နှင့်​ပေ​ကာ​မင်း ၏​အ​မျက်​သည် ထင်း​စ​နှစ်​ခု​မှ​အ​ငွေ့​တ​လူ လူ​ထွက်​လျက်​နေ​သော​မီး​ခိုး​ထက်​ပို​၍ ဥ​ပဒ်​မ​ပေး​နိုင်။-

Isaiah 8:9အ​ချင်း​နိုင်​ငံ​ခြား​သား​အ​ပေါင်း​တို့​ကြောက်​ရွံ့ လျက်​စု​ဝေး​ကြ​လော့။ ရပ်​ဝေး​ဒေ​သ​မှ​လူ အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ စစ်​တိုက်​ရန် အ​သင့်​ပြင်​ဆင်​ကြ​လော့။ သို့​ရာ​တွင်​ကြောက် လန့်​လျက်​နေ​ကြ​လော့။ သင်​တို့​သည်​ယင်း​သို့ အ​သင့်​ပြင်​ဆင်​ကြ​သော်​လည်း​ကြောက်​လန့် လျက်​နေ​ရ​ကြ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 7:1

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
Isaiah 7Isaiah 7:2 →