ရာဇဝင်ချုပ်ပထမစောင် 32:11
ဟေဇကိကသင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့အားငါ၏လက်မှကယ်တော် မူမည်ဟုဆိုချေသည်။ သို့ရာတွင်ဟေဇကိ သည်သင်တို့အစာရေစာငတ်မွတ်၍သေကြ စေရန်လှည့်စားပြောဆိုနေခြင်းဖြစ်၏။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 32
Cross References
2 Kings 18:30ထာဝရဘုရားကိုအားကိုးရန်သူ၏သွေး ဆောင်စကားကိုနားမထောင်ကြနှင့်။ ထာဝရ ဘုရားသည် သင်တို့အားကယ်တော်မူမည်ဟူ ၍လည်းကောင်း၊ အာရှုရိတပ်မတော်အား ဤ မြို့ကိုသိမ်းယူခွင့်ပေးတော်မူလိမ့်မည်မဟုတ် ဟူ၍လည်းကောင်းမထင်မှတ်ကြနှင့်။-
2 Chronicles 32:15ယခုသင်တို့အားဟေဇကိမလှည့်စားမဖြား ယောင်းစေနှင့်။ သူ၏စကားကိုသင်တို့မယုံ ကြစေနှင့်။ အဘယ်တိုင်းနိုင်ငံ၏ဘုရားမျှ မိမိ၏လူတို့အားအာရှုရိဧကရာဇ်၏လက် မှကယ်နိုင်ခဲ့ဘူးသည်မရှိ။ သို့ဖြစ်၍သင်တို့ ၏ဘုရားသည်လည်းအမှန်ပင်သင်တို့အား မကယ်နိုင်'' ဟုပြောကြားစေလေသည်။
Psalms 11:1ငါသည်ထာဝရဘုရား၏ထံတော်တွင်ခိုလှုံ ပါ၏။ ``တိုင်းပြည်ငြိမ်ဝပ်ပိပြားမှုမရှိသောအခါ သူတော်ကောင်းတို့သည်အဘယ်သို့မျှမတတ် နိုင်။ သူယုတ်မာတို့သည်သူတော်ကောင်းတို့ကို ချောင်းမြောင်းပစ်ခတ်ရန်လေးကိုတင်၍မြားကို ချိန်ရွယ်လျက်နေလေပြီ။ ထိုကြောင့်``တောင်ပေါ်သို့ငှက်ကဲ့သို့ ပျံတက်လော့'' ဟု ငါ့အားသင်တို့ပြောဆိုကြသည်မှာလွန်စွာ မိုက်မဲလေစွတကား။
Psalms 42:10ငါ့ရန်သူများက``သင်၏ဘုရားသည် အဘယ်မှာနည်း''ဟုငါ့အားအဖန်တလဲလဲ မေးမြန်းသဖြင့် သူတို့၏စော်ကားမှုကြောင့်ငါသည်အလွန်ပင် စိတ်ပျက်အားလျော့ရပါ၏။
Isaiah 36:12ထိုသူကဘုရင်ဧကရာဇ်သည်သင်တို့ဘုရင် အားသာလျှင် ဤစကားများကိုပြောကြား ရန် ငါ့အားစေလွှတ်တော်မူထိုက်သည်ဟုထင် မှတ်ကြပါသလော။ ငါသည်မြို့ရိုးပေါ်တွင် ထိုင်နေကြသူတို့အားလည်းပြောကြားပါ ၏။ သူတို့သည်လည်းသင်တို့နည်းတူမိမိ တို့၏မစင်ကိုပြန်၍စားပြီးလျှင် မိမိ တို့ကျင်ငယ်ရေကိုပြန်၍သောက်ရကြ လိမ့်မည်'' ဟုပြန်ပြော၏။
Matthew 27:43သူသည်ဘုရားသခင်ကိုယုံကြည်ကိုးစား၏။ `ငါ သည်ဘုရားသခင်၏သားတော်ဖြစ်သည်' ဟုဆို၏။ သို့ဖြစ်၍ဘုရားသခင်သည်သူ့ကိုအလိုတော် ရှိလျှင် ယခုပင်ကယ်တင်တော်မူပါစေ'' ဟုဆို ကြ၏။