The Bible Software
bible.software › ရာဇဝင်ချုပ်ပထမစောင် › ရာဇဝင်ချုပ်ပထမစောင် 34 › ရာဇဝင်ချုပ်ပထမစောင် 34:3

ရာဇဝင်ချုပ်ပထမစောင် 34:3

ယော​ရှိ​သည်​နန်း​စံ​ရှစ်​နှစ်​မြောက်​၌​အ​သက် အ​ရွယ်​အ​လွန်​နု​နယ်​လျက်​ပင်​ရှိ​နေ​သေး​စဉ် အ​ခါ မိ​မိ​၏​ဘေး​တော်​ဒါ​ဝိဒ်​မင်း​၏​ဘု​ရား​သ​ခင်​ကို​စ​တင်​ဆည်း​ကပ်​လေ​သည်။ နောက် လေး​နှစ်​မျှ​ကြာ​သော​အ​ခါ​သူ​သည်​ရုပ်​တု ကိုး​ကွယ်​ရာ​ဌာ​န​များ၊ အာ​ရှ​ရ​ဘု​ရား​မ ၏​တံ​ခွန်​တိုင်​များ​နှင့်​အ​ခြား​ရုပ်​တု​ရှိ သ​မျှ​တို့​ကို​ဖျက်​ဆီး​လေ​သည်။-

Common Language Bible

In The King James Version

For in the eighth year of his reign, while he was yet young, he began to seek after the God of David his father: and in the twelfth year he began to purge Judah and Jerusalem from the high places, and the groves, and the carved images, and the molten images.

In Context

2သူ​သည်​ထာ​ဝရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော အ​မှု​တို့​ကို​ပြု​၏။ မိ​မိ​၏​ဘေး​တော်​ဒါ​ဝိဒ် မင်း​၏​စံ​န​မူ​နာ​ကို​ယူ​၍​ဘု​ရား​သ​ခင်​၏ တ​ရား​တော်​ရှိ​သ​မျှ​ကို​တိ​ကျ​စွာ​လိုက် နာ​ကျင့်​သုံး​၏။

4သူ​၏​ညွှန်​ကြား​ချက်​အ​ရ​မင်း​ချင်း​တို့​သည် ဗာ​လ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ယဇ် ပလ္လင်​များ​ကို​ချိုး​ဖဲ့​ချေ​မှုန်း​ပြီး​လျှင် ထို ယဇ်​ပလ္လင်​များ​တွင်​ယဇ်​ပူ​ဇော်​ခဲ့​ကြ​သူ တို့​၏​သင်္ချိုင်း​များ​အ​ပေါ်​တွင်​ကြဲ​ဖြန့် ကြ​၏။-

Read all of ရာဇဝင်ချုပ်ပထမစောင် 34

Cross References

1 Kings 13:2ထာ​ဝ​ရ​ဘု​ရား​၏​အမိန့်​တော်​အ​တိုင်း​ပ​ရော ဖက်​က``အို ယဇ်​ပလ္လင်၊ ယဇ်​ပလ္လင်၊ ထာ​ဝ​ရ​ဘု​ရား က`ယော​ရှိ​နာ​မည်​တွင်​မည့်​သူ​ငယ်​သည်​ဒါ​ဝိဒ် ၏​သား​ချင်း​စု​တွင်​ဖွား​မြင်​လိမ့်​မည်။ ပူ​ဇော် သကာ​များ​ကို​သင်​၏​အ​ပေါ်​တွင်​တင်​လှူ​ကာ မိစ္ဆာ​ယဇ်​ပလ္လင်​များ​တွင်​အ​မှု​ထမ်း​ဆောင်​သော ယဇ်​ပု​ရော​ဟိတ်​တို့​အား သူ​သည်​သင့်​အ​ပေါ် မှာ​တင်​၍​ယဇ်​ပူ​ဇော်​လိမ့်​မည်။ လူ​ရိုး​တို့​ကို လည်း​တင်​၍​မီး​ရှို့​လိမ့်​မည်' ဟု​မိန့်​တော် မူ​၏'' ဟု​ဆင့်​ဆို​၏။-

2 Kings 18:4သူ​သည်​ရုပ်​တု​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​များ ကို​ဖျက်​သိမ်း​၍ ကျောက်​တိုင်​များ​ကို​ချိုး​ဖျက် ကာ​အာ​ရှ​ရ​ဘု​ရား​မ​အား​ဆက်​ကပ်​ပူ​ဇော် ထား​သည့်​တံ​ခွန်​တိုင်​တို့​ကို​ခုတ်​လှဲ​၏။ မော​ရှေ ပြု​လုပ်​ခဲ့​သည့်​ကြေး​ဝါ​မြွေ​ကို​လည်း အ​ပိုင်း ပိုင်း​ဖြတ်​လေ​သည်။ ထို​မြွေ​ရုပ်​ကား​န​ဟုတ္တန်​ဟု နာ​မည်​တွင်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ထို​အ​ချိန်​ကာ​လ​တိုင်​အောင်​ပင် ထို​မြွေ ရုပ်​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၍​ပူ​ဇော်​ခဲ့ ကြ​သ​တည်း။-

2 Kings 23:4ထို​နောက်​ယော​ရှိ​သည် ယဇ်​ပု​ရော​ဟိတ်​မင်း ဟိ​လ​ခိ၊ သူ​၏​လက်​ထောက်​ယဇ်​ပု​ရော​ဟိတ် များ​နှင့် ဗိ​မာန်​တော်​အ​ဝင်​ဝ​တွင်​တာ​ဝန်​ကျ သည့်​အ​စောင့်​တပ်​သား​များ​အား​ဗာ​လ​ဘု​ရား၊ အာ​ရှ​ရ​ဘု​ရား​မ​နှင့်​ကြယ်​နက္ခတ်​တို့​ကို ကိုး​ကွယ်​ရာ​၌​အ​သုံး​ပြု​သည့်​ပစ္စည်း​အ​သုံး အ​ဆောင်​တို့​ကို ဗိ​မာန်​တော်​ထဲ​မှ​ထုတ်​ဆောင် လာ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ မင်း​ကြီး​သည် ဤ​ပစ္စည်း​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​ကို မြို့ ပြင်​ရှိ​ကိ​ဒြုန်​ချိုင့်​ဝှမ်း​အ​နီး​တွင်​မီး​ရှို့​ပြီး လျှင် ပြာ​ကို​ဗေ​သ​လ​မြို့​သို့​ယူ​ဆောင်​သွား စေ​၏။-

1 Chronicles 22:5ဒါ​ဝိဒ်​သည်``ငါ​၏​သား​ရှော​လ​မုန်​တည်​ဆောက် မည့်​ဗိ​မာန်​တော်​သည်​ခမ်း​နား​ထည်​ဝါ​၍ ကမ္ဘာ ပေါ်​တွင်​ထင်​ပေါ်​ကျော်​ကြား​ရ​ပေ​မည်။ သို့ ရာ​တွင်​ရှော​လ​မုန်​သည်​အ​သက်​အ​ရွယ် ငယ်​၍​အ​တွေ့​အ​ကြုံ​နည်း​ပါး​သေး​သူ ဖြစ်​သ​ဖြင့် ငါ​သည်​ဗိ​မာန်​တော်​အ​တွက် ပြင်​ဆင်​မှု​များ​ကို​ပြု​လုပ်​ပေး​မည်'' ဟု တွေး​တော​ဆင်​ခြင်​ကာ မ​ကွယ်​လွန်​မီ​ဗိ​မာန် တော်​တည်​ဆောက်​ရန်​ပစ္စည်း​အ​မြောက် အ​မြား​ကို​အ​သင့်​စု​ဆောင်း​လေ​သည်။

1 Chronicles 29:1ဒါ​ဝိဒ်​မင်း​သည်​လူ​ထု​တစ်​ရပ်​လုံး​အား``ငါ့ သား​ရှော​လ​မုန်​သည်​ဘု​ရား​သ​ခင်​ရွေး​ချယ် တော်​မူ​သော​သူ​ဖြစ်​၏။ သို့​သော်​လည်း​အ​သက် အ​ရွယ်​ငယ်​၍​အ​တွေ့​အ​ကြုံ​မ​ရှိ​သေး​သူ ဖြစ်​၏။ သူ​ပြု​ရ​မည့်​အ​မှု​ကား​အ​လွန်​ကြီး မား​လှ​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော် ယ​ခု​တည်​ဆောက်​ရ​မည်​မှာ​လူ​တို့​အ​တွက် နန်း​တော်​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဗိ​မာန်​တော်​ဖြစ်​သော ကြောင့်​တည်း။-

2 Chronicles 15:2အာ​ဇ​ရိ​သည်​အာ​သ​မင်း​ထံ​သို့​သွား​ပြီး​လျှင်``အို အာ​သ​မင်း​နှင့်​တ​ကွ​ယု​ဒ​နှင့်​ဗင်္ယာ​မိန်​အ​နွယ် ဝင်​တို့၊ ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​၌​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး ကိုယ်​တော်​သည်​သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​မည်။ သင်​တို့​သည်​ကိုယ်​တော်​အား​ရှာ ကြ​လျှင် ကိုယ်​တော်​သည်​သင်​တို့​အား​အ​တွေ့ ခံ​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည် ကိုယ်​တော်​အား​ကျော​ခိုင်း​ကြ​ပါ​က​ကိုယ် တော်​သည်​လည်း​သင်​တို့​အား​စွန့်​ပယ်​တော် မူ​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ရာဇဝင်ချုပ်ပထမစောင် 34:3

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ရာဇဝင်ချုပ်ပထမစောင် 34:2ရာဇဝင်ချုပ်ပထမစောင် 34ရာဇဝင်ချုပ်ပထမစောင် 34:4 →