ရာဇဝင်ချုပ်ပထမစောင် 35:15
အာသပ်သားချင်းစုမှဂီတပညာသည် များဖြစ်ကြသည့်အာသပ်၊ ဟေမန်နှင့်ဘုရင် ပရောဖက်ယေဒုသုန်တို့သည်ဒါဝိဒ်မင်း ညွှန်ကြားချက်အရ မိမိတို့နှင့်ဆိုင်ရာနေရာ များတွင်ရှိနေကြ၏။ ဗိမာန်တော်အစောင့် တပ်သားများသည်မိမိတို့အားသတ်မှတ် ချထားသည့်နေရာများမှထွက်ခွာကြရန် မလို။ အဘယ်ကြောင့်ဆိုသော်သူတို့အတွက် အခြားလေဝိအနွယ်ဝင်များက ပသခါ ညစာကိုပြင်ဆင်ပေးကြသောကြောင့် ဖြစ်၏။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 35
Cross References
1 Chronicles 16:41ထာဝရဘုရား၏မေတ္တာတော်သည်ထာဝရ တည်သည်ဖြစ်၍ ထောမနာသီချင်းများဖြင့် ကိုယ်တော်၏ဂုဏ်တော်ကိုချီးမွမ်းရန်သီးခြား သတ်မှတ်ရွေးချယ်ထားသူဟေမန်၊ ယေဒုသုန် နှင့်အခြားသူတို့သည်လည်း ထိုအရပ်တွင် ယဇ်ပုရောဟိတ်များနှင့်အတူရှိကြပေ သည်။-
1 Chronicles 25:1ဒါဝိဒ်နှင့်လေဝိအနွယ်ဝင်ခေါင်းဆောင်တို့ သည် ကိုးကွယ်ဝတ်ပြုခြင်းအမှု၌ဦးဆောင် ရန်အာသပ်၊ ဟေမန်နှင့်ယေဒုသုန်သားချင်း စုတို့ကိုရွေးချယ်ကြ၏။ သူတို့သည်စောင်း သံ၊ လင်းကွင်းသံများနှင့်တွဲဖက်လျက် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောပြောကြ ရန်ဖြစ်၏။ ကိုးကွယ်ဝတ်ပြုမှုကိုဦးဆောင်ရန် ရွေးချယ်ခြင်းခံသူများနှင့်သူတို့ထမ်း ဆောင်ရမည့်အလုပ်တာဝန်များမှာ အောက်ပါအတိုင်းဖြစ်၏။
1 Chronicles 26:12ဗိမာန်တော်၏အစောင့်တပ်သားတို့ကို အိမ်ထောင် စုများအလိုက်အုပ်စုများခွဲ၍ အခြားလေဝိ အနွယ်ဝင်တို့နည်းတူအလုပ်တာဝန်များကို ခွဲခန့်ပေးလေသည်။-
2 Chronicles 29:25မင်းကြီးသည်ဒါဝိဒ်မင်းအား ဘုရင့်ပရော ဖက်ဂဒ်နှင့်ပရောဖက်နာသန်အားဖြင့် ထာဝရဘုရားပေးတော်မူသည့်ညွှန်ကြား ချက်များကိုလိုက်နာကာစောင်းများ၊ လင်း ကွင်းများကိုင်သူလေဝိအနွယ်ဝင်တို့ကို နေရာချထားတော်မူ၏။-
Ezra 6:20ယဇ်ပုရောဟိတ်နှင့်လေဝိအနွယ်ဝင်အပေါင်းတို့သည် မိမိတို့ကိုယ်ကိုသန့်ရှင်းစေသဖြင့် ဘာသာရေးထုံးနည်းအရသန့်စင်လျက်ရှိကြ၏။ လေဝိအနွယ်ဝင်တို့သည်မိမိတို့ပြည်သို့ပြန်လာကြသူများ၊ ယဇ်ပုရောဟိတ်များနှင့် မိမိတို့ကိုယ်တိုင်တို့အတွက်ပသခါယဇ်ကောင်များကိုသတ်ကြ၏။-
Psalms 78:1ငါ၏အမျိုးသားတို့၊ငါ၏သွန်သင်ချက်ကို နားထောင်ကြလော့။ ငါပြောသည့်စကားကိုအာရုံစိုက်ကြလော့။