ရာဇဝင်ချုပ်ပထမစောင် 6:41
အို ဘုရားသခင်ထာဝရဘုရား၊ ယခုထတော် မူ၍ကိုယ်တော်၏တန်ခိုးတော်ကိုသရုပ်ဆောင် သည့်ပဋိညာဉ်သေတ္တာတော်နှင့်အတူ ဗိမာန်တော် ထဲသို့ကြွတော်မူပြီးလျှင်ကာလအစဉ်အမြဲ စံနေတော်မူပါ။ ကိုယ်တော်၏လူမျိုးတော်သည် မိမိတို့ခံစားရသည့်ကျေးဇူးတော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြပါစေသော။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 6
Cross References
Joshua 3:13ကမ္ဘာမြေကြီးတစ်ခုလုံးကိုအစိုးရတော် မူသော ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်ကြသည့်ယဇ်ပုရောဟိတ် များသည် မြစ်ရေကိုနင်းမိသည်နှင့်တစ်ပြိုင် နက်မြစ်ညာမှစီးဆင်းလာသောရေသည် ရပ်တန့်၍တစ်နေရာတည်းတွင်ပင်စုပုံ လျက်ရှိလိမ့်မည်'' ဟုဆိုလေ၏။
1 Chronicles 28:2ဒါဝိဒ်မင်းသည်ထိုသူတို့ရှေ့တွင်ရပ်လျက် မိန့်ခွန်းမြွက်ကြားတော်မူ၏။ မင်းကြီးက``ငါ ၏ပြည်သူပြည်သားတို့၊ နားထောင်ကြလော့။ ငါသည်ငါတို့ဘုရားသခင်ထာဝရဘုရား ၏ခြေတင်ခုံဖြစ်သော ပဋိညာဉ်သေတ္တာတော် ကိုထားရှိရန်အတွက်အိမ်တော်တစ်ဆောင် ကိုတည်ဆောက်လိုပေသည်။ ဘုရားသခင် နာမတော်ကိုချီးမြှောက်ရန်ဗိမာန်တော် တည်ဆောက်ရေးအတွက်ငါသည်ပြင်ဆင် မှုများကိုပြုခဲ့လေပြီ။-
Psalms 65:4ဗိမာန်တော်၌နေ၍အထံတော်သို့ချဉ်းကပ် စေရန် ကိုယ်တော်ရှင်ရွေးချယ်သောသူများသည် မင်္ဂလာရှိပါ၏။ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏အိမ်တော်မှ ကောင်းမြတ်သောအရာများ၊သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်မှကောင်းချီးမင်္ဂလာများကိုခံစား ရရှိ ကြသဖြင့်ရောင့်ရဲကြပါလိမ့်မည်။
Psalms 110:2ထာဝရဘုရားသည်အရှင်၏ရာဇအာဏာ ကို ဇိအုန်မြို့မှနေရာအနှံ့အပြားသို့တိုင်အောင် တည်စေတော်မူလိမ့်မည်။ ကိုယ်တော်ကအရှင့်အား``သင်၏ရန်သူတို့ကို အုပ်စိုးလော့'' ဟုမိန့်တော်မူ၏။
Psalms 132:9ကိုယ်တော်ရှင်၏ယဇ်ပုရောဟိတ်တို့သည် မှန်ကန်ရာကို အမြဲပြုကျင့်နိုင်ကြပါစေသော။ ကိုယ်တော်ရှင်၏လူစုတော်သည်ဝမ်းမြောက် ရွှင်လန်းစွာကြွေးကြော်ကြပါစေသော။
Isaiah 59:16အနှိပ်အစက်ခံရသူတို့အားကယ်မမည့်သူ မရှိသည်ကိုလည်းမြင်တော်မူ၍အံ့သြတော် မူ၏။ သို့ဖြစ်၍ကိုယ်တော်သည်သူတို့အားလက် တော်ဖြင့်ကယ်တော်မူ၍ ကိုယ်တော်ရှင်၏ဖြောင့် မတ်တော်မူခြင်းအားဖြင့်အောင်ပွဲခံတော်မူ လိမ့်မည်။-