Psalms 132:9
ကိုယ်တော်ရှင်၏ယဇ်ပုရောဟိတ်တို့သည် မှန်ကန်ရာကို အမြဲပြုကျင့်နိုင်ကြပါစေသော။ ကိုယ်တော်ရှင်၏လူစုတော်သည်ဝမ်းမြောက် ရွှင်လန်းစွာကြွေးကြော်ကြပါစေသော။
Common Language Bible
In The King James Version
Let thy priests be clothed with righteousness; and let thy saints shout for joy.
In Context
Cross References
Judges 5:31အို ထာဝရဘုရားကိုယ်တော်၏ရန်သူ အပေါင်းတို့သည် ဤနည်းအတိုင်းပင်ဆုံးရှုံးပျက်စီးကြပါ စေသော။ သို့ရာတွင်ကိုယ်တော်၏မိတ်ဆွေများမှာမူကား တက်သစ်နေကဲ့သို့ထွန်းလင်းတောက်ပ ကြပါစေသော။ ထိုနောက်ခါနာန်ပြည်တွင်အနှစ်လေးဆယ် တိုင်တိုင်ငြိမ်းချမ်းသာယာလျက်နေသတည်း။
Ezra 3:11သူတို့က၊ ``ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ ဣသရေလအမျိုးသားတို့အတွက် ထားရှိတော်မူသောမေတ္တာတော်သည် ထာဝစဉ်တည်ပါ၏'' ဟူသောသီချင်းကိုထပ်ကာထပ်ကာသီဆို၍ ထာဝရဘုရားအားထောမနာပြုကြ၏။ ဗိမာန်တော်အုတ်မြစ်ကိုချပြီးဖြစ်သဖြင့် လူ အပေါင်းတို့သည်ထာဝရဘုရား၏ဂုဏ် တော်ကိုဟစ်အော်ချီးမွမ်းကြကုန်၏။-
Psalms 35:26ကျွန်တော်မျိုး၏ဒုက္ခကိုအကြောင်းပြုကာ နှစ်ထောင်းအားရသူတို့သည် မရှုမလှအရေးနိမ့်၍ကစဥ့်ကရဲ ဖြစ်ကြရပါစေသော။ မိမိတို့ကိုယ်ကိုကျွန်တော်မျိုးထက်သာ သည်ဟု ပြောဆိုသူတို့သည်အရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။
Psalms 68:3သူတော်ကောင်းတို့မူကားကိုယ်တော်၏ရှေ့တော်တွင် ဝမ်းမြောက်ရွှင်လန်းကြ၏။ သူတို့သည်အလွန်ပင်ပျော်ရွှင်ကြ၍ ဝမ်းမြောက်စွာကြွေးကြော်ကြ၏။
Psalms 93:1ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ဘုန်းအသရေတော်ကို ဝတ်ဆင်တော်မူ၍ တန်ခိုးအာနုဘော်တော်ကိုခါးပန်းစည်းတော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုခိုင်မြဲစွာ တည်စေတော်မူသည်ဖြစ်၍ယင်းကိုလှုပ်ရှား၍ မရနိုင်ရာ။
Psalms 132:16ဤမြို့မှယဇ်ပုရောဟိတ်တို့ဆောင်ရွက်လေသမျှ တို့ကို ကောင်းချီးပေးမည်။ မြို့သူမြို့သားတို့သည်လည်းသီချင်းဆိုလျက် ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော်ကြလိမ့်မည်။