ကောရိန္တုဩဝါဒစာဒုတိယစောင် 1:7
သို့ဖြစ်၍သင်တို့အတွက်မယိမ်းမယိုင်သော မျှော်လင့်ခြင်းငါတို့၌ရှိ၏။ သင်တို့သည်ငါ တို့ခံရသည့်ဆင်းရဲဒုက္ခမျိုးကိုခံရကြ သည့်နည်းတူငါတို့ရရှိသည့်နှစ်သိမ့်မှုမျိုး ကိုလည်းရရှိကြကြောင်းငါတို့သိကြ၏။
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 1
Cross References
Luke 22:28သင်တို့သည်ငါနှင့်အတူစုံစမ်းနှောင့်ယှက်မှု များကိုရင်ဆိုင်ခဲ့သူများဖြစ်ကြ၏။-
1 Corinthians 10:13သင်တို့တွေ့ကြုံရသည့်စုံစမ်းနှောင့်ယှက်ခြင်း များသည်လူအပေါင်းတို့တွေ့ကြုံနေကြ၊ သာ မန်စုံစမ်းနှောင့်ယှက်ခြင်းများသာဖြစ်၏။ ဘုရား သခင်သည်ကတိတည်တော်မူသောအရှင်ဖြစ် တော်မူသဖြင့် သင်တို့အားမိမိတို့ခံနိုင်သည် ထက်ပို၍စုံစမ်းနှောင့်ယှက်ခြင်းကိုခံစေတော် မူလိမ့်မည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းခံရ ချိန်၌ခံနိုင်သောခွန်အားကိုပေးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှလွတ်မြောက်ရန် လမ်းဖွင့်ပေးတော်မူလိမ့်မည်။
2 Corinthians 7:9ယခုဝမ်းမြောက်၏။ သင်တို့အားစိတ်မချမ်း မသာအောင်ပြုခဲ့သည့်အတွက်ကြောင့်မဟုတ်။ စိတ်မချမ်းမသာမှုကသင်တို့အားနောင်တ တရားရစေသည့်အတွက်ကြောင့်ဝမ်းမြောက် ရခြင်းဖြစ်ပေသည်။ ဘုရားသခင်သည်ထို စိတ်မချမ်းမသာမှုကိုအသုံးပြုတော်မူ သည်ဖြစ်ရာငါတို့သည်သင်တို့ကိုအဘယ် သို့မျှမနစ်နာစေခဲ့။-
Philippians 1:6သို့ဖြစ်၍သင်တို့တွင်ဤကောင်းမြတ်သည့်အမှု ကိုစတင်ပြုတော်မူသောဘုရားသခင်သည် ခရစ်တော်ယေရှု၏နေ့ရက်မတိုင်မီထိုအမှု ကိုပြီးစီးသည့်တိုင်အောင်ပြုတော်မူလိမ့်မည် ဟုငါယုံကြည်စိတ်ချ၏။-
2 Thessalonians 1:4ထို့ကြောင့်ငါတို့ကိုယ်တိုင်ပင်လျှင်သင်တို့ အကြောင်းကိုဘုရားသခင်၏အသင်းတော် များတွင်ဂုဏ်ယူပြောဆိုကြ၏။ သင်တို့သည် ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်ဆင်းရဲဒုက္ခများကို ခံရသော်လည်းကြံ့ခိုင်လျက်၊ ယုံကြည်ခြင်း ခိုင်မြဲလျက်ရှိသည်ကိုထောက်၍ငါတို့ ဂုဏ်ယူပြောဆိုကြ၏။
James 1:2ငါ့ညီအစ်ကိုတို့၊ သင်တို့သည်စုံစမ်းနှောင့်ယှက် ခြင်းအမျိုးမျိုးနှင့်တွေ့ကြုံရသောအခါ ဝမ်းမြောက်စရာဖြစ်သည်ဟုခံယူကြလော့။-