သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 1:4
ထို့ကြောင့်ငါတို့ကိုယ်တိုင်ပင်လျှင်သင်တို့ အကြောင်းကိုဘုရားသခင်၏အသင်းတော် များတွင်ဂုဏ်ယူပြောဆိုကြ၏။ သင်တို့သည် ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်ဆင်းရဲဒုက္ခများကို ခံရသော်လည်းကြံ့ခိုင်လျက်၊ ယုံကြည်ခြင်း ခိုင်မြဲလျက်ရှိသည်ကိုထောက်၍ငါတို့ ဂုဏ်ယူပြောဆိုကြ၏။
Common Language Bible
In The King James Version
In Context
Read all of သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 1
Cross References
Romans 5:3ဆင်းရဲဒုက္ခများအတွက်လည်းငါတို့ဝါကြွား ဝမ်းမြောက်ကြပေသည်။ ဆင်းရဲဒုက္ခသည်ခံနိုင် ရည်ကိုလည်းကောင်း၊-
Romans 12:12သင်တို့၌မျှော်လင့်ချက်ရှိသောကြောင့်ဝမ်း မြောက်ရွှင်လန်းကြလော့။ ဆင်းရဲဒုက္ခခံရ သောအခါသည်းခံကြလော့။ မပြတ်မလပ် ဆုတောင်းပတ္ထနာပြုကြလော့။-
2 Corinthians 7:14ငါသည်တိတုအားသင်တို့အကြောင်းကိုကြွား ဝါခဲ့၏။ ယင်းသို့ကြွားဝါသည့်အတိုင်းဟုတ်မှန် ကြောင်းကိုသင်တို့ပြသလိုက်ပေပြီ။ ငါတို့ သည်သင်တို့အားဟုတ်မှန်ရာကိုသာလျှင် အစဉ်ပြောကြားခဲ့၏။ တိတုအားငါတို့ ကြွားဝါပြောဆိုခဲ့သောအရာများသည် လည်းဟုတ်မှန်လျက်နေပေပြီ။-
2 Corinthians 9:4အကယ်၍ငါနှင့်အတူမာကေဒေါနိပြည် သားအချို့တို့လိုက်ပါလာ၍ သင်တို့မှာ အသင့်ပြင်ဆင်ထားမှုမရှိသည်ကိုတွေ့ရှိ ရပါက သင်တို့သာလျှင်အရှက်ရကြလိမ့် မည်မဟုတ်။ ငါတို့သည်လည်းသင်တို့အား များစွာယုံကြည်စိတ်ချမိသည်အတွက် အရှက်ရကြလိမ့်မည်။-
1 Thessalonians 2:14ညီအစ်ကိုတို့၊ သင်တို့၏အတွေ့အကြုံမှာ ယုဒပြည်ခရစ်ယာန်များဖြစ်သည့်ဘုရား သခင်၏အသင်းတော်ဝင်တို့အတွေ့အကြုံ နှင့်တူပေသည်။ သင်တို့သည်မိမိတို့အမျိုး သားများ၏လက်တွင်ဆင်းရဲဒုက္ခရောက် ကြသကဲ့သို့ ထိုသူတို့သည်လည်းယုဒ အမျိုးသားများ၏လက်တွင်ဆင်းရဲ ဒုက္ခရောက်ရကြ၏။-
1 Thessalonians 3:2ခရစ်တော်အကြောင်းသတင်းကောင်းကို ကြေညာရာတွင် ငါတို့နှင့်အတူဘုရား သခင်၏အမှုကိုဆောင်ရွက်သူ၊ ငါတို့ညီ တိမောသေအားသင်တို့ထံသို့စေလွှတ် လိုက်ကြ၏။ သင်တို့တွင်အဘယ်သူမျှ မိမိတို့ခံရသည့်ညှဉ်းပန်းနှိပ်စက်မှုကြောင့် ယုံကြည်ခြင်းမယိမ်းမယိုင်ဘဲခိုင်မြဲစေ အံ့သောငှာ သင်တို့ကိုအားပေးတိုက်တွန်း နိုင်ရန်သူ့အားငါတို့ကိုစေလွှတ်လိုက်၏။ ညှဉ်းပန်းနှိပ်စက်မှုကိုငါတို့ခံရသည်မှာ ဘုရားသခင်၏အလိုတော်အရဖြစ် ကြောင်းသင်တို့ကိုယ်တိုင်သိကြ၏။-