ကောရိန္တုဩဝါဒစာဒုတိယစောင် 11:10
ဤသို့ငါဝါကြွားသည်ကိုအခါယပြည်တစ် လျှောက်လုံးတွင်မည်သူမျှပိတ်ပင်၍ရလိမ့်မည် မဟုတ်ကြောင်း ငါ၌ရှိသောခရစ်တော်၏သစ္စာ တရားတော်ကိုအမှီပြု၍ငါဆို၏။-
Common Language Bible
In The King James Version
As the truth of Christ is in me, no man shall stop me of this boasting in the regions of Achaia.
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 11
Cross References
Acts 18:12ဂါလျုန်သည်အခါယပြည်ဘုရင်ခံဖြစ်စဉ် အခါ ယုဒအမျိုးသားအပေါင်းတို့သည် စုရုံးလျက် ပေါလုကိုဖမ်းဆီးပြီးလျှင် တရားခွင်ရှေ့သို့ခေါ်ဆောင်ခဲ့ကြ၏။-
Romans 1:9သားတော်အကြောင်းသတင်းကောင်းကို ကြေညာခြင်းအားဖြင့် ငါသည်ဘုရားသခင် ၏အမှုတော်ကိုစိတ်နှလုံးအကြွင်းမဲ့ထမ်း ဆောင်လျက်ရှိ၏။ ငါသည်ဆုတောင်းပတ္ထနာ ပြုသည့်အခါတိုင်း သင်တို့အားအစဉ်သတိ ရကြောင်းကိုဘုရားသခင်သည်သက်သေ ဖြစ်တော်မူ၏။ ဘုရားသခင်အလိုတော် ရှိပါကမကြာမီသင်တို့ထံသို့ငါလာ နိုင်ရန်လမ်းဖွင့်ပေးတော်မူရန်ဆုတောင်း၏။-
Romans 16:5သူတို့အိမ်၌စုဝေးဝတ်ပြုသည့်အသင်းတော်ကို လည်းငါနှုတ်ဆက်ကြောင်းပြောကြားကြလော့။ အာရှပြည်တွင်ပထမဆုံးခရစ်တော်ကိုယုံကြည် လက်ခံလာသူ ငါ၏ရင်းနှီးသောမိတ်ဆွေဧပဲနက် ကိုနှုတ်ဆက်ကြလော့။-
1 Corinthians 16:15သင်တို့သည်သတေဖန်နှင့်သူ၏အိမ်သားများကို သိကြ၏။ သူတို့သည်ဂရိပြည်မှခရစ်ယာန်ဦး များဖြစ်၍ဘုရားသခင်၏လူစုတော်အား ကူညီမစရန်မိမိတို့ကိုယ်ကိုဆက်ကပ်ထားသူ များဖြစ်ပေသည်။ ညီအစ်ကိုတို့၊ ထိုသို့သောသူတို့ ၏ခေါင်းဆောင်မှုကိုလည်းကောင်း၊ သူတို့နှင့်အတူ အမှုတော်ကိုကြိုးစား၍ပါဝင်ဆောင်ရွက်ကြ သောသူတို့၏ခေါင်းဆောင်မှုကိုလည်းကောင်း လက်ခံကြရန်သင်တို့အားငါမေတ္တာရပ်ခံ ပါ၏။
2 Corinthians 1:23ကောရိန္သုမြို့သို့မလာဘဲနေရန်ငါဆုံးဖြတ် ခဲ့ခြင်းမှာ သင်တို့ကိုသက်ညှာသောကြောင့်ဖြစ် ကြောင်းဘုရားသခင်သည်ငါ၏သက်သေ ဖြစ်တော်မူ၏။-
2 Corinthians 10:15သို့ဖြစ်၍ငါတို့သည်ဘုရားသခင်သတ်မှတ် ပေးသည့်လုပ်ငန်းအတွက်မှလွဲ၍ သူတစ်ပါး တို့၏လုပ်ဆောင်ချက်များအတွက်ဂုဏ်ယူ ဝါကြွားမှုမပြု။ သင်တို့၏ယုံကြည်ခြင်း ပါရမီရင့်လာသည်နှင့်အမျှ ငါတို့အတွက် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့်နယ် ပယ်အတွင်း သင်တို့ထံတွင်အမှုတော်တို့ ကိုတိုးချဲ့ဆောင်ရွက်နိုင်ရန်မျှော်လင့်၏။-