ကောရိန္တုဩဝါဒစာဒုတိယစောင် 11:15
သို့ဖြစ်၍သူ၏တပည့်များသည်ဖြောင့်မတ်ခြင်း တရားကိုဟောပြောကြေညာသူများအဖြစ် ယောင်ဆောင်ကြသည်မှာအံ့သြစရာမဟုတ် ပေ။ နောက်ဆုံး၌သူတို့သည်မိမိတို့ကျင့်ကြံ ပြုမူသည်အတိုင်းထိုက်သင့်ရာအကျိုး အပြစ်ကိုခံစားကြရလိမ့်မည်။
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 11
Cross References
2 Kings 5:13သူ၏အစေခံတို့သည် သူ့ထံသို့ချဉ်းကပ်၍``အရှင်၊ အကယ်၍ပရောဖက်ကအရှင့်အားခက်ခဲသည့် အမှုတစ်စုံတစ်ခုကိုပြုလုပ်ခိုင်းပါက အရှင် နာခံမည်မဟုတ်ပါလော။ `ရေချိုး၍ရောဂါပျောက် ကင်းလော့' ဟုခိုင်းသည်ကိုပို၍နာခံသင့်သည် မဟုတ်ပါလော'' ဟုလျှောက်ထားကြ၏။-
Jeremiah 5:31ပရောဖက်တို့သည်မှန်သောစကားကိုမပြောကြ။ ယဇ်ပုရောဟိတ်တို့သည်ပရောဖက်အမိန့်ပေးသည်အတိုင်းအုပ်စိုးကြ၏။ ငါ၏လူမျိုးတော်ကလည်းဤသို့ပြုကျင့်မှုတို့ကိုမကန့်ကွက်ကြ။ သို့ရာတွင်သူတို့သည်နောက်ဆုံးတစ်နေ့၌အဘယ်သို့ပြုကြမည်နည်း။
Jeremiah 28:15ထိုနောက်ငါသည်ဟာနနိအား``ဟာနနိ၊ နားထောင်လော့။ ထာဝရဘုရားသည်သင့် အားစေလွှတ်တော်မူသည်မဟုတ်။ သင်သည် ဤပြည်သူတို့အားမုသားစကားကို ယုံကြည်အောင်ပြုလျက်နေသည်ဖြစ်၍၊-
Ezekiel 13:10``ပရောဖက်တို့သည်`အမှုခပ်သိမ်းအေးငြိမ်း ပါသည်' ဟုဆို၍ငါ့လူမျိုးတော်အားလှည့် စားခဲ့ကြ၏။ အမှုခပ်သိမ်းမှာမအေးမ ငြိမ်းသေးပါတကား။ ငါ၏လူမျိုးတော် သည်သရွတ်မကိုင်သည့်ကျောက်မြို့ရိုးကို တည်ဆောက်၍ပရောဖက်တို့ကလာ၍ထုံး သုတ်ပေးကြ၏။-
Matthew 7:15``သိုးရေခြုံဝံပုလွေသားရဲနှင့်တူသောမိစ္ဆာ ပရောဖက်တို့ကိုသတိနှင့်ရှောင်ကြလော့။-
1 Corinthians 9:11ငါတို့သည်သင်တို့၌ဋ္ဌမ္မမျိုးစေ့ကိုစိုက်ပျိုး ခဲ့ပြီးနောက် သင်တို့ထံမှရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများကိုရိတ်သိမ်းကြလျှင် ငါတို့လွန်ရာကျမည်လော။-