ယေရမိအနာဂတ္တိကျမ်း 5:31
ပရောဖက်တို့သည်မှန်သောစကားကိုမပြောကြ။ ယဇ်ပုရောဟိတ်တို့သည်ပရောဖက်အမိန့်ပေးသည်အတိုင်းအုပ်စိုးကြ၏။ ငါ၏လူမျိုးတော်ကလည်းဤသို့ပြုကျင့်မှုတို့ကိုမကန့်ကွက်ကြ။ သို့ရာတွင်သူတို့သည်နောက်ဆုံးတစ်နေ့၌အဘယ်သို့ပြုကြမည်နည်း။
Common Language Bible
In The King James Version
In Context
30ဤပြည်တွင်အံ့သြရွံရှာဖွယ်ကောင်းသည့်အမှုပေါ်ပေါက်လာသည်မှာ၊-
Read all of ယေရမိအနာဂတ္တိကျမ်း 5
Cross References
Deuteronomy 32:20ထာဝရဘုရားက`သူတို့သည်ခေါင်းမာ၍ သစ္စာမဲ့သောသူများဖြစ်ကြ၏။ ငါသည်သူတို့ကိုမကူညီဘဲနေမည်။' ထို့နောက်သူတို့သည်အဘယ်သို့ဖြစ်မည်ကို ငါစောင့်ကြည့်မည်။
1 Kings 22:6သို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုချီတက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားလော့'' ဟုမေးတော်မူ၏။ ပရောဖက်တို့က``တိုက်ခိုက်တော်မူပါ။ ထာဝရ ဘုရားသည်အရှင့်အားအောင်ပွဲခံစေတော်မူ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
Isaiah 10:3သင်တို့အားဘုရားသခင်အပြစ်ဒဏ်ခတ် တော်မူသောအခါ သင်တို့အဘယ်သို့ပြု ကြပါမည်နည်း။ ကိုယ်တော်သည်သင်တို့အား ရပ်ဝေးဒေသမှဘေးအန္တရာယ်ဆိုးနှင့်တွေ့ ကြုံစေတော်မူသောအခါ၊ သင်တို့အဘယ် သို့ပြုကြပါမည်နည်း။ အကူအညီတောင်း ခံရန်အဘယ်သူထံသို့ပြေးကြပါမည်နည်း။ မိမိတို့၏စည်းစိမ်ဥစ္စာများကိုအဘယ်မှာ သိုဝှက်ထားကြပါမည်နည်း။-
Isaiah 30:10ပရောဖက်များကိုလည်းဆိတ်ဆိတ်နေရန် ပြောဆိုကြ၏။ သူတို့က``ငါတို့အားအမှန် တရားကိုမပြောကြနှင့်။ ငါတို့ကြားလို သောစကားကိုပြောကြလော့။ ငါတို့အား မိမိတို့၏လွဲမှားသောအထင်အမြင် အယူအဆများနှင့်ပင်ရှိနေစေကြ လော့။-
Jeremiah 4:30အို ယေရုရှလင်မြို့၊သင်သည်အမင်္ဂလာ ရှိပါသည်တကား။ သင်သည်အဘယ်ကြောင့်နီးမြန်းသည့်အဝတ် ကို ဝတ်ဆင်ထားသနည်း။ အဘယ်ကြောင့်ကျောက်မျက်ရတနာများကို ဆင်ယင်၍ သင်၏မျက်လုံးများကိုခြယ်လှယ်ထားသနည်း။ သင်သည်မိမိကိုယ်ကိုအကြောင်းမဲ့အလှ ပြင်၍ ထားပါသည်တကား။ သင်၏ချစ်သူတို့သည်သင့်ကိုပစ်ပယ်လိုက်ကြ လေပြီ။ သူတို့သည်သင့်ကိုသတ်လိုကြ၏။
Jeremiah 22:22သင်တို့၏ခေါင်းဆောင်များသည်လေတွင်လွင့်၍ ပါသွားကြလိမ့်မည်။ သင်တို့၏မဟာမိတ်များသည်စစ်သုံ့ပန်းများ အဖြစ် အဖမ်းခံရကြလိမ့်မည်။ သင်တို့ပြုကျင့်ခဲ့သည့်မကောင်းမှုများအတွက် သင်တို့၏မြို့သည်အသရေပျက်၍ အရှက်ကွဲရလိမ့်မည်။