ကောရိန္တုဩဝါဒစာဒုတိယစောင် 11:25
ရောမအမျိုးသားတို့ထံ၌ငါသည်သုံးကြိမ် တိုင်တိုင်ကြိမ်ဒဏ်ခံခဲ့ရသည်။ ခဲနှင့်အပေါက် ခံရသည်မှာတစ်ကြိမ်၊ သင်္ဘောပျက်သည်မှာ သုံးကြိမ်ဖြစ်၏။ ပင်လယ်ပြင်တွင်နှစ်ဆယ့် လေးနာရီမျောခဲ့ရ၏။-
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 11
Cross References
Matthew 21:35ခြံသမားတို့သည်လုပ်သားများကိုဖမ်း၍ရိုက် သူကိုရိုက်၊ သတ်သူကိုသတ်၊ ခဲနှင့်ပေါက်သူကို ပေါက်ကြ၏။-
Acts 14:5ယုဒအမျိုးသားနှင့်လူမျိုးခြားအချို့တို့ သည် တမန်တော်တို့ကိုညှဉ်းဆဲရန်နှင့်ခဲဖြင့် ပေါက်ရန် မိမိတို့ခေါင်းဆောင်များနှင့်ကြံစည် အားထုတ်ကြ၏။-
Acts 16:22လူပရိသတ်ကလည်း ပေါလုနှင့်သိလတို့ ကိုဝိုင်း၍စွပ်စွဲကြ၏။ အရာရှိတို့သည်ထိုသူနှစ်ဦး၏အဝတ်များကို ဆွဲဖြဲ၍ ကြိမ်ဒဏ်ပေးစေရန်အမိန့်ချမှတ်ကြ၏။-
Acts 16:37သို့ရာတွင်ပေါလုက ``ရောမနိုင်ငံသားများ ဖြစ်သောငါတို့အားစစ်ကြောစီရင်ခြင်းမ ပြုဘဲ ငါတို့ကိုလူပရိသတ်ရှေ့တွင်ရိုက်နှက် ၍အကျဉ်းချထားခဲ့ကြ၏။ ယခုငါတို့ကို တိတ်တဆိတ်လွှတ်လိုကြပါသလော။ ထိုသို့ မပြုသင့်။ သူတို့ကိုယ်တိုင်လာ၍ငါတို့ကို ထောင်မှထုတ်ကြပါစေ'' ဟုရဲအရာရှိ တို့အားပြော၏။
Acts 27:1ဖေတ္တုသည်ကျွန်ုပ်တို့ကိုဣတလိပြည်သို့ သင်္ဘောဖြင့်ပို့ရန်ဆုံးဖြတ်ပြီးနောက် ပေါလု နှင့်အခြားအကျဉ်းသားအချို့တို့ကို ဧက ရာဇ်မင်းတပ်တော်ဟုခေါ်သောတစ်ထောင်တပ် မှတပ်မှူးယုလလက်သို့ပေးအပ်လိုက်၏။-