တမန်တော်ဝတ္ထု 14:5
ယုဒအမျိုးသားနှင့်လူမျိုးခြားအချို့တို့ သည် တမန်တော်တို့ကိုညှဉ်းဆဲရန်နှင့်ခဲဖြင့် ပေါက်ရန် မိမိတို့ခေါင်းဆောင်များနှင့်ကြံစည် အားထုတ်ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 2:1တိုင်းနိုင်ငံတို့သည်အဘယ်ကြောင့်ဆူပူပုန်ကန်ရန် ကြံစည်ကြသနည်း။ လူတို့သည်အဘယ်ကြောင့်အချည်းနှီး လျှို့ဝှက်ကြံစည်ကြသနည်း။
Matthew 5:44သို့ရာတွင်ရန်သူကိုချစ်ကြလော့ဟုသင်တို့ အားငါဆို၏။ သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူ တို့အတွက်မေတ္တာပို့ကြလော့။-
Acts 4:25ကိုယ်တော်ရှင်သည်မိမိ၏အစေခံ၊ အကျွန်ုပ် တို့၏ဘိုးဘေးဒါဝိဒ်မင်းမှတစ်ဆင့်သန့်ရှင်း သောဝိညာဉ်တော်အားဖြင့်၊ `လူမျိုးခြားတို့သည်အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်ပြုကြသနည်း။ လူမျိုးတကာတို့သည်အဘယ်ကြောင့်အကျိုးမဲ့ လျှို့ဝှက်ကြံစည်ကြသနည်း။
Acts 17:5သို့ရာတွင်ယုဒအမျိုးသားတို့သည် မနာလို စိတ်ရှိသဖြင့်လမ်းပေါ်မှဂျပိုးတေလေများ ကိုခေါ်ယူကာ လူထုကြီးတစ်ရပ်ဖြစ်အောင် စုရုံး၍တစ်မြို့လုံးကိုအုတ်အုတ်သဲသဲဖြစ် စေကြ၏။ သူတို့သည်ယာသုန်၏အိမ်သို့ဝင်၍ ပေါလုနှင့်သိလတို့ကိုလူပရိသတ်ရှေ့သို့ ဆွဲထုတ်ရန်ရှာဖွေကြ၏။-